လူမဆန်တဲ့ လုပ်ရပ်တွေကဆက်တိုက်ပါပဲလားဗျာ
ယနေ့ည၁၁နာရီ ခန့် မန္တလေးမြို့ကန်တော်ကြီး အာဇာနည်ကုန်းနဲ့
မျက်စောင်းထိုး ရွှေတစ်ချောင်းအနောက်လမ်း
မွေးကင်းစ ကလေးတစ်ယောက် လမ်းဘေးမှာ
စွန့်ပစ်ခံထားရတယ် လို့
သူငယ်ချင်းတစ်ယောက်က
အကြောင်းကြားလာတာတယ် ...
အဲဒီနေရာသွားပြီးကလေးကျန်းမာရေး လိုအပ်ချက်ရှိရင်
ဆေးရုံပို့ဖို့ အသင်းက ကားကို
လှမ်းခေါ်လိုက်ရတယ် ...
တွေ့ရတာကတော့ မြင်တဲ့အတိုင်းပဲဗျာ
လမ်းဘေးမှာ အစောင့်တဲလေးမှာ
ကလေးအိပ်ယာ ခေါင်းအုံး စောင် စုံလင်စွာနဲ့ကို
ပစ်သွားတာဗျ ...
ဖြတ်သွားဖြတ်လာတွေက
ကလေးငိုသံကြားမှ သိလိုက်တယ် ..
အခုတော့
ရဲတွေလည်း ရောက်ရာ စစ်ချက်ယူပြီး
ကလေး ကျန်းမာရေးအတွက်
ဆေးရုံကို အသင်းကားနဲ့ ပို့လိုက်ပါပြီ ...
ကလေးက မိန်းခလေးပါ ...စိတ်မကောင်းဘူးဗျာ
ရက်သားလေးကို ဘယ်လိုစိတ်နဲ့များ
ပစ်သွားရက်တယ် မသိဘူး ... 😓
Thar Nyi
( CMTK Rescue )
https://m.facebook.com/story.php?story_fbid=674367386072556&id=100004979024460