သမီးအရင်းအား မုဒိန်းကျင့် တရားလိုက ဇနီးဖြစ်သူ ပြစ်မှူကျူးလွန်ခံရသူက သမီးအရင်း တရားခံက ဖခင်

mA7Mk.jpg၈.၉.၂၀၁၆ရက်နေ့ နေ့လည်၂နာရီတွင် မစန်းစန်းမြင့်မှာ ကုန်စိမ်းငွေများ ရှင်းလင်းရန် ၄င်းနေထိုင်ရာ တွံတေးမြို့နယ် အုန်းပင်ချောင်းကျေးရွာမှ ရန်ကုန်မြို့ သို့ ထွတ်လာခဲ့ပြီး နေအိမ်တွင် သမီးနှစ်ဦးဖြစ်သည့် မချိုချိုနိုင် ၁၂ နှစ် ၇ တန်းကျောင်းသူ နှင့် မဧပရယ်ဖြိုး ၈ နှစ် ၁ တန်းကျောင်းသူ နှစ်ဦးအား ၎င်း၏ခင်ပွန်း၊ ယင်း ခလေးနှစ်ယောက်၏ ဖခင်ဖြစ်သူ ဝင်းနိုင်(ခ)အနိုင် နှင့် အတူထားခဲ့ပြီး ၉.၉.၂၀၁၆ ရက် နေ့လည် ၃နာရီခန့် အိမ်ပြန်ရောက်ခဲ့ပါသည်။ mA1Br.jpg၄င်းအား သမီးနှစ်ယောက်မှ ပြန်လည်ပြောပြ တိုင်တန်း သဖြင့် ၎င်းမရှိသည့် ညက ဖခင်ဖြစ်သူ ဝင်းနိုင်(ခ)အနိုင် မှ သမီးကြီးဖြစ်သူ မချိုချိုနိုင်အား ၎င်းနှင့် တခြင်ထောင်ထဲ အတူအိပ်စေပြီး သားမယားအဖြစ် အဓမ္မပြုကျင့်ကြောင်း ပြောပြသိရှိရ၍ မစန်းစန်းမြင့်မှ တရားလိုပြုလုပ်၍ သမီးအရင်းအား စော်ကားသူ ခင်ပွန်းသည် ဝင်းနိုင်(ခ)အနိုင် အား အမှုတိုင်တန်း၍ တွံတေးရဲစခန်း (ပ)၅၂၉/၂၀၁၆ ရာဇသက်ကြီးဥပဒေ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

ခရီးသည်

Via - Zin Moe (ဟန်ကို)
Powered by Blogger.