အချိုရည်စက်ရုံတွင် အလုပ်ရမည်ဟုပြောဆိုကာ တရုတ်မယား အဖြစ် ရောင်းချခဲ့သူနှစ်ဦးကို လူကုန်ကူးမှုဖြင့် အမှုဖွင့်အရေးယူ
========================
တရုတ်နိုင်ငံရှိအချိုရည်စက်ရုံတွင်အလုပ်ရမည်ဟု ပြောဆိုကာ တရုတ် မယားအဖြစ်ရောင်းချခဲ့သူနှစ်ဦးကို လှိုင်သာယာမြို့မရဲစခန်း က လူကုန်ကူး မှုဖြင့် အောက်တိုဘာ ၃ ရက်တွင် အမှုဖွင့် အရေးယူထားသည်။
လှိုင်သာယာမြို့နယ်နေ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးက သက်ဆိုင်ရာသို့
အကြောင်းကြားရာတွင် ယခုနှစ် မေလအတွင်းက ၄င်းနှင့် တစ်ရွာတည်းနေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတို့ သမိုင်းလမ်းဆုံတွင် ပန်းရန်လုပ် ကိုင်နေ စဉ် တစ်ရွာတည်းနေ မချယ်ရီမြင့်(စုံစမ်းဆဲ) ရောက်လာပြီး တရုတ်နိုင်ငံရှိ ဝါးဝါး ဟားဟား အချိုရည်စက်ရုံတွင် အလုပ်လုပ်ကိုင်မည်ဆိုပါက တစ်လျှင် ငါးသိန်းရ မည်ဖြစ်ကြောင်း စည်း ရုံးပြောဆိုခဲ့သည်။
သွားရောက်မည်ဆိုပါက လမ်းစရိတ်ကုန်ကျခံပေးမည်ဖြစ် ပြီး ပို့ခကို လုပ်ခလစာမှ နုတ်ယူမည်ဖြစ်ကြောင်း ပြောသဖြင့် လုပ်ကိုင်ရန် သဘောတူ ခဲ့သည်။ မေ ၂၄ ရက်တွင် မချယ်ရီမြင့်နှင့် ၄င်းမိခင် ဒေါ်စန်းစန်းဝင်း(စုံစမ်း ဆဲ)တို့ စောင့်ဆိုင်းနေသည့် လက်ဖက်ရည်ဆိုင်သို့အငှားယာဉ်ဖြင့် ရောက် ရှိခဲ့သည်။
အဆိုပါယာဉ်ဖြင့် အောင်မင်္ဂလာအဝေးပြေးကားကွင်းမှ ညကားဖြင့်မန္တလေးသို့ လိုက်ပါခဲ့သည်။ ထိုမှတစ်ဆင့် မူဆယ်မြို့သို့ မေလ ၂၅ ရက် ညနေ ၆ နာရီအချိန်တွင်ရောက်ခဲ့ပြီး နာရီစင်အနီး တည်းခိုခန်းတွင် ညအိပ် ခဲ့သည်။
မချယ်ရီမြင့်သားအမိက ယာယီနိုင်ငံကူးလက်မှတ်လုပ်ပေးခဲ့ပြီးရွှေလီဂိတ် တွင် အသင့်စောင့်နေသည့် ကားဖြင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ ကူမင်းမြို့ရှိ နေအိမ်တစ်အိမ်သို့ ရောက်ရှိခဲ့သည်။
ထိုအိမ်တွင် သုံးရက်ခန့် နေထိုင်ပြီးနောက် မချယ်ရီမြင့်က အလုပ်ရှင်လာခေါ် လိမ့်မည်၊ တစ်နေရာစီ အလုပ်လုပ်ရမည်ဟုပြော သဖြင့် ၄င်းနှင့်သူငယ် ချင်းနှစ်ဦး အလုပ်အတူရမှ လုပ်ကိုင်မည်ဟုပြောဆိုရာ မချယ်ရီမြင့် က ကန်ကျောက် ခဲ့သည်။
ခဏအကြာ တရုတ်အမျိုးသားတစ်ဦးရောက်လာပြီး လိုက်ပါရန်ပြောသဖြင့် လိုက်ပါခဲ့ရသည်။ အဆိုပါ တရုတ်အမျိုးသားနေအိမ်သို့ လိုက်ပါနေထိုင် စဉ်အမျိုးသားကသားမယားအဖြစ် နေထိုင်လိုကြောင်း ပြောဆိုရာ တိုင်ကြား သူက ကလေးနှင့်ခင်ပွန်းရှိကြောင်း ငြင်းဆန်ခဲ့ရာ ဒေါ်စန်းစန်းဝင်း ထံမှ ၄င်းကို ဝယ်ယူထားခြင်းဖြစ်ကြောင်းပြောဆိုပြီး သားမယားအဖြစ် အဓမ္မဆက်ဆံခဲ့ သည်။
တရုတ်အမျိုးသားနှင့် တစ်လခန့်ပေါင်းသင်းခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ ခင်ပွန်းဖြစ်သူ ထံ အဆက်အသွယ် ရရှိခဲ့သည်။
အတူအလုပ်လုပ်ကိုင်ရန် လိုက်ပါလာသည့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီး မှာလည်း အခြားတရုတ်အမျိုးသားနေအိမ်တွင် ပန်းရန်နှင့်စိုက်ခင်း အလုပ်ကို မလုပ်ချင်ဘဲလုပ်ခဲ့ရကြောင်း၊
ပေါင်းသင်းရန်ပြောကြားခဲ့ သော်လည်းမပေါင်းသင်းရန် ငြင်းဆန်သဖြင့်၎င်းတို့နှစ်ဦး ပြန်လည်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ မိဘများနှင့်အဆက်အသွယ်ရရှိ ခဲ့သည်။ ၄င်းတို့ရောက်ရှိနေသည့်နေရာမှအဆင့်ဆင့် ထွက်ပြေးခဲ့၍ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိချိန်တွင် မချယ်ရီမြင့်နှင့်ဒေါ်စန်းစန်းဝင်း (စုံစမ်းဆဲ)တို့ နှစ်ဦးကို အရေးယူပေးရန်တိုင်ကြားခဲ့ရာ လှိုင်သာယာမြို့မရဲစခန်း က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် အရေး ယူထားသည်။
Credit>>>The Myanmar Times
