လမ်းပေါ်မှာ ခြေဗလာနဲ့ အစားအသောက်တွေကို လှည်းနဲ့တွန်းပြီးရောင်းနေတဲ့ အဘွားအို
ဖိနပ်မစီးနိုင်တဲ့ အကြောင်းအရင်းကိုတော့ မဖော်ပြထားပေမယ့် ဖိနပ်ဝယ်ဖို့လုံလောက်တဲ့ ပိုက်ဆံမရှိလို့၊ ဖိနပ်ဝယ်ဖို့အတွက်တောင် ခေါင်းထဲမထည့်နိုင်ဘဲ အသက်ရှင်ရပ်တည်နေဖို့ကသာ အရေးကြီးနေခဲ့တာလားလို့ စဉ်းစားစရာရှိပါတယ်။ ဒီအဘွားအိုကတော့ လမ်းပေါ်မှာ လှည်းနဲ့တွန်းပြီး အစားအစာတွေကိုရောင်းချတာဖြစ်ပြီး ခြေဗလာနဲ့ လျှောက်ပတ်ပြီး ရောင်းနေရတာဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အချိန် ကျောထောက်နောက်ခံမရှိဘဲ သားသမီးတွေကို အားကိုးလို့မရတဲ့အခြေအနေမှာ အဘိုးအဘွားတွေဟာ ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်ကြရပါတယ်။ အဘွားအိုဟာ သူပိုင်ဆိုင်ထားတဲ့အရာတစ်ခုနဲ့ သမ္မာအာဇီဝရှာစားနေတာပါ။ ဒီပုံဟာ ဘယ်နေရာကနေ ရိုက်ကူးထားတာလဲမသိပေမယ့် အင်တာနက်အသုံးပြုတွေကြားထဲ ပြန့်နှံ့လာခဲ့ပြီး ကူညီချင်သူတွေပေါနေခဲ့ပေမယ့် နေရာအတိအကျမသိရတဲ့အတွက် အဘွားအိုကို တကယ်တွေ့ပြီး ကူညီချင်တဲ့လူတစ်ယောက်က ဖိနပ်တစ်ရံဝယ်ပေးလိုက်ပါစေလို့ပဲ ဆုတောင်းဖွယ်ရာရှိပါတယ်။
Source : viral4real
Translated by Alexa
Source : viral4real
Translated by Alexa