မကြာခင် လက်ထပ်တော့မယ့် ဂူဂျွန်ဖြိုး (လီမင်ဟို) နှင့် ဆူဇီ
မိန်းက လေး တွေရဲ့ အသည်းစွဲ လီမင်ဟို နှင့် သဘာဝ အလှပိုင်ရှင် ဆူဇီတို့ အတွဲ ဟာ ကိုရီးယားမှာ နာမည်အကြီးဆုံးအတွဲပါ။ လီမင်ဟို နှင့်နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့.....
ခဏခဏ တွဲလိုက် ပြတ်လိုက် နှင့် သတင်းထွက်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ သူတို့ ရဲ့ အချစ်ရေး နှင့်ပတ်သက်လို့ ဘယ်တော့မှ ဖြေကြားခြင်းမရှိခဲ့ပါဘူး။ လီမင်ဟိုနှင့် နောက်ဆုံးပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာတော့ လီမင်ဟို ဟာ ယောက်ျား တစ်ယောက်ဟာ သစ္စာရှိသင့်ပြီး တာဝန်ယူမုအပြည့်ရှိသင့်ကြောင်းပြောပါတယ်။ ပြီးတော့ ယောက်ျားဆိုရင် သူချစ်တဲ့သူတွေကို ကာကွယ်နိုင်ရမယ်လို့ဆိုပါတယ်။
ပြီးတော့ ဆူဇီ နှင့်ပတ်သက်ပြီး ဘယ်လိုအခြေအနေ ရှိလဲလို့မေးတဲ့ အခါမှာတော့ သူ့ကို ကာကွယ်ဖို့ရယ် စောင့်ရှောက်ဖို့ရယ်အတွက် ကျွန်တော်သူ့ကို လက်ထပ်ချင်ပါတယ် ဆိုပြီးပြောလိုက်ပါတယ်။
ကယ် မကြာခင် ဒီနှစ်ယောက်ရဲ့ လက်ထပ်ပွဲကို မြင်တွေ့ရတော့မယ်လို့ထင်ပါတယ်။
translated by Anna
Source: singaporela