မဟူရာအသားအရေကြောင့် အလှပဆုံးလို့ သတ်မှတ်ခံရတဲ့ မော်ဒယ်
ယနေ့မော်ဒယ်လောကမှာ အသားဖြူဖြူ ၊ပိန်ပိန်ပါးပါးမှ လှပတယ်လို့ ထင်တဲ့သူတွေကြားထဲကို ရှာမှရှားတဲ့ မဟူရာ အသားအရေနဲ့ ထိုးဖောက်ဝင်ရောက်လာသူကတော့ Senegalese မော်ဒယ် Khoudia Diop ဖြစ်ပါတယ်။ မည်းတက်နေတဲ့အသားအရေနဲ့ နေရာတစ်နေရာရဖို့ဆိုတာ ခဲယဉ်းတဲ့အချိန်မှာ သူမရဲ့ သဘာဝအတိုင်းလှပနေတဲ့ အသားအရေကြောင့် Khoudiaဟာ အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ သူမရဲ့ အလှပဆုံး အသားအရေနဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရအောင်။

ငယ်ငယ်ကတည်းက သူမဟာ မည်းနက်နေတဲ့ အသားအရေကြောင့် စနောက်၊ အနိုင်ကျင့်ခံခဲ့ရတာတွေရှိခဲ့ပြီး မီးသွေးခဲအသားအရေ၊ သပိတ်ရောင်အသား၊ ညဘက်ဆိုလူမြင်မှာမဟုတ်ဘူးလို့ အမျိုးမျိုး အစအနောက်ခံခဲ့ရပါတယ်။

ဒါပေမယ့် Khoudia ဟာ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရုန်းကန်ခဲ့ပြီး အခုဆို သူမဟာ ကမ္ဘာပေါ်မှာ အလှပဆုံး မော်ဒယ်တွေထဲက တစ်ယောက်အနေနဲ့ သတ်မှတ်ခံထားရပြီဖြစ်ပါတယ်။
Source : viral4real
Translated by Alexa