မြန်မာရုပ်ရှင်ဇာတ်ကားကို ဝေဖန်ပြောဆိုသူများကို ခွေး နှင့် ခိုင်းနှိုင်းလိုက်တဲ့ မင်းသမီး


အဆမတန် ပေါများလာတဲ့ မြန်မာဇာတ်ကားတွေထဲမှာ ထပ်နေတဲ့ ဇာတ်ကွက်တွေ တခြားနိုင်ငံက ဇာတ်ကားတွေကို ကူးချနေတဲ့ ရုပ်ရှင်တွေကြောင့် အားမလိုအားမရဖြစ်လာတဲ့ မြန်မာပြည်သူလူတစ်စုဟာ 'မြန်မာကားမကြိုက်သူများတွေ့ဆုံပွဲ' ဟူ၍ ဖေ့ဘွတ်မှာ event တစ်ခုထောင်ပြီး မြန်မာကားတွေ ရဲ့ တစ်ခါလာလည်းဒါဘဲ ဇာတ်ကွက်တွေ အရင်ခေတ်တုန်းက ရိုက်တဲ့ ကားတွေနှင့် ကွာခြားမှုတွေကို ဆွေးနွေးကြတဲ့အခါမှာတော့ ဒီမင်းသမီးလေးဟာ...

သရုပ်ဆောင်ရှင်ယွန်းမြတ် ဟာ ဟိုတလောကမှ တက်လာတက်သစ်စ သရုပ်ဆောင်တစ်ယောက်သာဖြစ်သလို ပရိသတ်တွေကြားမှာ နာမည်မရသေးတဲ့ သရုပ်ဆောင်တစ်ယောက်သာဖြစ်ပါတယ်။ မြန်မာကားကို ဝေဖန်တဲ့သူတွေအား ဆပ်ဆပ်မခံပြန်ရန်တွေ့ပုံများမှာတော့.....

သူမဟာ ယခုလိုမျိုးတင်ခဲ့တဲ့အပြင်ထိုအပြုအမူတွေအတွက် ဘယ်သူကိုမှ ဂရုမစိုက်ဘူးလို့ ဆိုခဲ့ပြန်ပါတယ်။

ထို ကဲ့သို့ပြောဆိုပြီးနောက်ပိုင်း ပရိသတ်တွေဘက်မှာတော့ သူတို့ဟာ အပြုသဘောသာဝေဖန်ခြင်းဖြစ်တဲ့အတွက်ကြောင့် ထိုကဲ့သို့ပြောဆိုစရာမလိုကြောင်း တခြားဝါရင့် အနုပညာရှင်တွေတောင် မည်သို့မည်ဖုံမှမပြောတဲ့ အကြောင်းအရာကို ဇာတ်ကား၁၀ ကားလောက်တောင်ပြည့်အောင်မရိုက်ကူးဖူးတဲ့သူမကဘာလို့ဝင်ပြီး *င်နာတာလဲလို့ပြောနေကြပါသတဲ့....




Powered by Blogger.