အရင်လိုပေါတဲ့အောင်ရဲလင်းကနေ ပြောင်းလဲချင်ပြီး လို့ပြောလိုက်တဲ့ တည်ငြိမ်ရင့်ကျက်သွားတဲ့အောင်ရဲလင်း
မ တစ်ကောင် မောင်တစ်ပွား ဆိုတဲ့ ရုံကြီးကားကို သင်ဇာဝင့်ကျော်နှင့်အတူတူရိုက်ကူးနေတဲ့ အောင်ရဲလင်းဟာ သူပြောင်းလဲသွားတဲ့ကိစ္စနှင့်ပတ်သက်ပြီး ပရိသတ်တွေကိုပြောပြခဲ့ပါတယ်။
၂၀၁၄ လောက် ထိ အောင်ရဲလင်းဟာ သူ့ရဲ့ ပုံစံ နှင့် ပတ်သက်ပြီး အမြဲဆိုသလိုဝေဖန်တာကို ခံခဲ့ရပါတယ်။ နှုတ်ခမ်းနီမလေး တွေ အချို့ အတွက်တော့ စွဲမက်ဖွယ်ရာ ဖြစ်ပေမယ့်လဲ လူကြီးများအတွက်မှာတော့ ရှည်နေတဲ့ ဆံပင်၊ အရောင်စုံဆိုးထားတဲ့ ဆံပင်တွေဟာ မျက်စိဆံပင်မွှေးဆူးစေခဲ့ပါတယ်။
မကြာခင် ရုံတင်တော့ မယ့် ဘွန္တောကြက်သူခိုး ဆိုတဲ့ ရုံကြီးကား မှာ သူရဲ့ ယခင်ပုံစံနှင့် မတူလဲ အောင်ရဲလင်း အသစ်ကို လူကြီးတွေရော လူငယ်တွေ ပါတွေ့ နိုင်ပါလိမ့်မယ်ဆိုပြီးပြောခဲ့ပါတယ်။ သူရဲ့ ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းကတော့ အသက်အရွယ်အလိုက် ပြောင်းလဲသင့်ပြီထင်လို့ လို့ဆိုတဲ့အပြင် အရင်တုန်းက သူပေါခဲ့တာတွေကို လဲ မေ့ပစ်လိုက်ပြီး အသစ်က ပြန်စ ခဲ့တယ်လို့ပြောခဲ့ပါတယ်။
သူက ကျော်ဟိန်းကို အတုယူပြီး ခေတ်အလိုက် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ သူကိုယ်တိုင်တောင် ရိုးလာတဲ့ ပုံစံက ပရိသတ်တွေ အတွက်လဲ ရိုးလာနိုင်တဲ့ အတွက် အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်း ဖို့ အတွက်လဲပါပါတယ်လို့ဆိုပါတယ်။
သူ့ရဲ့ သရုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ယခုမချိန်ထိ ကြိုးစားဖို့ အများကြီး လိုသေးတယ်လို့ပြောသွားပြီး အချစ်ရေးအနေနှင့် ကတော့ သူကျွန်တော့ကို ချစ်ပြီး ကျွန်တော်သူ့ကိုချစ်ဖို့ဘဲ အရေးကြီးတယ်လို့ပြောသွားပါတယ်။
မကြာခင်ရုံတင်တော့မယ် ဘန္တောကြက်သူခိုး ကားကိုစောင့်မျှော်ရင်း.....
Ref: eleven broadcasting