ဒေါ်အောင်ဆန်းစုကြည်အား အွန်လိုင်းတွင် ပုတ်ခတ်ရေးသားသူကို အမှုဖွင့်

==================

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်တွင် ညစ်ညမ်းစွာရေး သားနေသူ အမျိုးသားတစ်ဦးကို ဆက်သွယ်ရေးနည်းဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်တိုင်ကြား ထားကြောင်း သတင်းရရှိသည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တွင် ညစ်ညမ်းစွာရေးသားသူသည် ဒဂုံမြို့သစ်မြောက်ပိုင်း (၅၁) ရပ်ကွက်နေ ဇော်ဇော် (ခ) ငဖာဆိုသူဖြစ်ကြောင်း မြောက်ဒဂုံရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘အမှုက ဒီ ၇ ရက်နေ့မှာ လာပြီး တိုင်ကြားထားတာရှိတယ်။ လက်ရှိကတော့ တရားလိုကို အရင် စစ်ဆေးပေးနေတယ်။ ရေး သားသူကိုတော့ စုံစမ်းနေတုန်းပါ’’ဟု ၎င်းရဲအရာရှိကပြောသည်။

မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက တရားလိုပြုလုပ်ကာ ဓာတ်ပုံအထောက်အ ထားများနှင့်တကွ ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

‘‘အမှုကတော့ စစ်နေတုန်း ဖြစ်တဲ့အတွက် ဘာမှပြောလို့မရ သေးဘူး။ ဓာတ်ပုံအထောက်အ ထားတွေနဲ့ လာရောက်တိုင်ကြား တာတော့ ဟုတ်တယ်။ အမှုကို သေချာစစ်ဆေးပြီး အတည်ပြုနေ ပါတယ်’’ဟု မြောက်ဒဂုံရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

Source: 7 Days

ZN.H

Powered by Blogger.