အထက၁​အောင်​​မြေသာစံမြို့နယ်​မှာအုပ်​စုဖွဲ့၍အနိုင်​ကျင့်မှုနှင့် လူမှုကွန်ယက်ပေါ်ကရိုက်ခက်သံများ


===========================================
၇..၁၀..၁၆
-
မန္တလေး အ. ထ.က. ၁အမျိုးသားကျောင်းတွင် ကျောင်းသားများ အုပ်စုဖွဲ့
အနိုင်ကျင့်သည်ဆိုသည့် ဖေ့ဘွတ်ပေါ်တွင် ပျံ့နှံ့နေသောဗီဒီယိုဖိုင်နှင့်
ပတ်သက်၍ ကျနော် ကိုယ် တိုင် အ ထက ၁ မှ ကျောင်းအုပ်ဆရာကြီး
အတန်းပိုင်ဆရာမ ပြသနာ အရင်းခံ ကျောင်းသား ၃ ဦး နှင့်မိဘဖြစ်သူ
များ မြို့နယ် ပညာရေးမှုး နှင့်ကျောင်း အကျိုးတော် ဆောင်များ အား တွေ့ဆုံ
ခဲ့ပါသည် ။

အဖြစ်မှန်မှာ ကျောင်းသားအချင်းချင်း တစ်ယောက် နှင့် တစ်ယောက်
စနောက်ရန်ဖြစ်ရာ မှ လက်သီးနှင့်ထိုးသောကျောင်းသား ကအထိုးခံရ
သူကျောင်းသား အား မကျေနပ်လျင်ပြန်ထိုးရန်ပြောသောအခါအခြား
ကျောင်းသား တစ်ဦးက မင်းမထိုးငါထိုးမယ်ဟုဆိုကာ ပထမထိုးသူ ကို
ဝင်ရောက်ထိုးခြင်းဖြစ်သည်။
-
အချင့်းဖြစ်ပွားနေချိန်တွင် အာစရိယ ပူဇော်ပွဲရှိသည့်အတွက် ဓါတ်ပုံရိုက်ရန်
ကျောင်းသို့ဖုန်း ခိုးယူလာသူ ကျောင်းသားတစ်ဦးကဗီဒိယို ရိုက် ကာဖေ့ဘွတ်
ပေါ်သို့အပျော်တင်ခဲ့ရာ မှအုပ်စုဖွဲ့အနိုင်ကျင့်သည်ဟုဆိုကာ လူမှုကွန်ယက်
တွင်မဟုတ်မမှန်သတင်းပျံ့နှံ့သွားခဲ့ခြင်းဖြစ်ပါသည်။

အုပ်စုဖွဲ့အနိုင်ကျင့်သည် ဆိုသည်မှာလုံးဝမဟုတ်ပါ ကျောင်းများတွင်ဖြစ်လေ့
ဖြစ်ထ ရှိသော ကျောင်းသားခြင်းသာမန်ရန်ဖြစ်ခြင်းသာ ဖြစ်ကြောင်း
သတင်းအမှန် ကို အများသိစေရန် တင်ပြအပ်ပါသည်။
==================
TOMORROW
Powered by Blogger.