ကလေးယူဖို့မစဉ်းစားသေးတဲ့ ၀ိုင်းစုခိုင်သိန်း
ပြည်သူချစ်အနုပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်တွေကျပြီး ချစ်စရာသားသားမီးမီးတွေ အပြိုင်အဆိုင်မွေးနေကြတဲ့အချိန်မှာ ၀ိုင်းစုတို့အိမ်ထောင်ရေးက တိတ်ဆိတ်နေတယ်နော်။ ဘာကြောင့်လဲဆိုတာကြည့်ရအောင်

ဝိုင်းစုကနေ ခင်ပွန်းဖြစ်သူ ကိုဥက္ကာနဲ့ အရင်ကတည်းက အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး တစ်ယောက်နဲတစ်ယောက်တိုင်ပင်တာတွေ၊ နားလည်မှုပေးတာတွေရှိပြီး ၀ိုင်းစုလိုချင်တဲ့မိသားစုပုံစံကတော့ ဘဝကို သာသာယာယာလေးဖြတ်သန်းပြီး ကိုယ်ချစ်တဲ့အနုပညာအလုပ်တွေလဲ ဆက်လက်လုပ်ကိုင်သွားချင်တယ်လို့ ဆိုပါတယ်။

ဝိုင်းစုကို ပရိသတ်တွေအားပေးသရွေ့ ဆက်လုပ်သွားမှာဖြစ်ပြီး ကလေးယူဖို့ကတော့ နောက်ထပ် တစ်နှစ်ခွဲ နှစ်နှစ်လောက် ကြာဦးမယ်လို့ဆိုပါတယ်။ လက်ရှိမှာ သူမရဲ့တေးစီးရီးတွေနဲ့ အလုပ်ရှုပ်နေတဲ့အတွက်ကြောင့် အလုပ်ကိစ္စတွေ အားလုံးပြီးမှပဲ ကလေးယူဖြစ်မယ်လို့ဆိုပါတယ်။
Source : myanmarcelebrities