ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ကချင်တိုင်းရင်းသား အောင်လအန်ဆန် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့သွားရောက်
ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ကချင်တိုင်းရင်းသား အောင်လအန်ဆန် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့သွားရောက်
ဘက်စုံကိုယ်ခံပညာသုံးMMAပြိုင်ပွဲ ယှဉ်ပြိုင်ရန် ရန်ကုန်သို့ ရောက်ရှိနေသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာမြို့ဦး လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်၍ လှူ ဒါန်းမှူ များပြုလုပ်ခဲ့ပြီး ကလေးသူငယ်များနှင့် တွေ့ဆုံခဲ့သည်။ ၄င်းသည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်ကာလအတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လေ့ရှိပြီး ပြီးခဲ့သည့် မတ်လကလည်း လူငယ်သင်တန်းကျောင်းများမှ ကလေးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။
ထို့ပြင် ကစားသမား အောင်လဆန်အန် ပါဝင်သောကြောင့် MMA ပြိုင်ပွဲသည် ပရိသတ်စိတ်ဝင်စားမှု အခြေအနေမြင့်တက်လျက်ရှိသည်။
Source: Local Sports News