မြန်မာအိမ်ဖော်မလေးအား တန်ဖိုးကြီးလက်စွပ်ခိုးယူတယ် ဆိုပြီး အမှုဖွင့်တိုင်ကြားတဲ့ကိစ္စ AAC အဖွဲ့ မှ ကူညီဖြေရှင်း


~•~•~•~•~•~•~•~•~•~•~•~•~•~~••~•~•~•~•~~~
အိမ်အလုပ်လုပ်နေတဲ့ တနင်္သာရီတိုင်းက ထားဝယ်မလေး
တစ်ဦးကို အလုပ်ကထွက်သွားတာကို ကျေနပ်မှုမရှိတဲ့
အိမ်ရှင်သဌေးမက သူမရဲ့ ဘတ်သုံးသိန်းကျော်တန်တဲ့ 
လက်စွပ်ကို ခိုးယူသွားပါတယ် ဆိုပြီးရဲစခန်းတိုင်စွပ်စွဲခဲ့တာ
ပါ။
တစ်ကယ်မခိုးယူခဲ့တဲ့ မြန်မာအလုပ်သမလေးနဲ့ သူမအကို
က AAC အဖွဲ့ ထံ စွပ်စွဲထားတာကို ကူညီဖြေရှင်းပေးပါရန်
တောင်းဆိုတာကြောင့် မဟာချိုင်ရဲစခန်းတွင် AAC အဖွဲ့ မှ
သဌေးမကို ခေါ်ယူပြီး ခိုးယူတာမှန်တယ် ဆိုရင် သက်သေ
နဲ့အချက်အလက်ပြပါ မသေချာပဲစွပ်စွဲဖမ်းဆီးတယ် ဆိုရင်
တော့ ''AAC''အနေနဲ့ မိမိနိင်ငံသားများကို စောင့်ရှောက်
ရမည်ဆိုတဲ့ မူဝါဒအတိုင်းဥပဒေအတိုင်းရင်ဆိုင်သွားမှာ
ဖြစ်ပြီး ခြိမ်းခြောက်မှုတွေကို ဂရုစိုက်နေမှာမဟုတ်ဘူး လို့
အိမ်ရှင်သဌေးမကို ပြန်ပြောခဲ့တာကြောင့် သဌေးမဘက်မှ
စွပ်စွဲထားတဲ့ အမှုအား ပြန်လည်ရုပ်သိမ်းကျေအေးပေးခဲ့
ပါသည်။ 
ဒီဖြစ်စဉ်ကို ကြည့်ရင် ရိုးရိုးသားသားနဲ့ ဘဝဝမ်းရေးအတွက်
မိသားစုအတွက် ပြည်ပမှာ ခက်ခက်ခဲခဲအိမ်ဖော်အလုပ်ကို
လုပ်ကိုင်နေရတဲ့ မြန်မာအိမ်အလုပ်သမလေးတွေ ဘဝကို
တွေ့မြင်ရမှာပါ။
အိမ်ရှင်သဌေးတွေမှာ အိမ်တွင်းရေးပြဿနာတွေရှိလာခဲ့ရင်
အိမ်အကူအလုပ်သမလေးတွေဟာ အချိန်မရွေးသားကောင်
ဖြစ်သွားနိင်ဆိုတာကို ထိုင်းရောက်မြန်မာအိမ်အကူအလုပ်
သမလေးတွေ သတိထားကြပါလို့ ''AAC''မဟာမိတ်အဖွဲ့
က သတိပေးတင်ပြပေးလိုက်ပါတယ်။
ဒီဖြစ်စဉ်မှာ သားကောင်ဖြစ်ပြီး နာမည်ပျက်ထောင်ကျသွား
နိင်တဲ့ မြန်မာအလုပ်သမလေးကို AAC ကယနေ့ကယ်တင်
နိင်ခဲ့ပါတယ်။

16/7/2016 စနေနေ့
ထိုင်းနိင်ငံ မဟာချိုင်လေးထပ်ရဲစခန်း
စမွတ်စာခွန်ခရိုင်

ပုံ-ထိုင်းနိင်ငံ မဟာချိုင်ရဲစခန်းမှာတွေ့ ရတဲ့ စွပ်စွဲခံ မြန်မာ
အလုပ်သမလေးနဲ့ သူမအမျိုးများကို AAC အဖွဲ့ဝင်များနဲ့
အတူတွေ့ရစဉ်

မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး
ကော်မတီအဖွဲ့ဝင်''AAC''မဟာမိတ်အဖွဲ့

Credit Ko Ye Min
Powered by Blogger.