မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်မှ နံပါတ်ပြား(၃)ခုဖြင့်ဖြတ်သန်းသွားသော ယာဉ်မောင်း အား အမူဖွင့်အရေးယူထား
************************
၁၅.၇.၂၀၁၆ ရက်နေ့ ည(၀၉၀၀)အချိန် မြဝတီမြို့မ
ရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်မြတ်စိုးလင်းနှင့်
နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေအမှတ်(၅)ရပ်ကွ
က် ရာအိမ်မှူး/ဆယ်အိမ်မှူးတို့နှငိ့အတူ မြဝတီမြို့ပေါ်ရ
ပ်ကွက်များအတွင်း မူခင်းကျဆင်းရေးအတွက် လှည့်က
င်းဆောင်ရွက်နေစဉ်
၁၃.၇.၂၀၁၆ ရက်နေ့ ညနေ
(၀၆၀၀)အချိန်ခန့်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတ
ားပေါ်မှ ရှေ့တွင်ယာဉ်နံပါတ်ပြား-YGN-1I/7011 နှင့်
နံပါတ်ပြား KYN-1C/1500 တို့(၂)ခုနှင့် နောက်တွင်
ယာဉ်နံပါတ်ပြား YGN-1I/7011 တို့အား NOAH
အမျိုးအစား(အဖြူ ရောင်)ယာဉ်တွင် တပ်ဆင်လျှက်ဖြတ်
သန်းမောင်းနှင်ခဲ့သောယာဉ်အား မြဝတီမြို့ အမှတ်(၅)
ရပ်ကွက် ဧည့်မထလမ်းမပေါ်တွင် တွေ့ရှိ၍ စစ်ဆေးမေး
မြန်းရာ
ယာဉ်မောင်းဖြစ်သူမှာ အောင်မြတ်သူ(သ)၃၈
နှစ်(ဘ)ဦးမြစိုး ၇/ကပက(နိုင်)၀၅၃၄၈၂ မဗာ-ဗုဒ္ဓ ယာဉ်မောင်း ဧည့်မထလမ်း အမှတ်(၅)ရပ်ကွက် မြဝတီ
မြို့နေသူဖြစ်ကြောင်းစစ်ဆေးသိရှိရပြီး
၎င်းမှာ အထက်
ပါယာဉ်နှင့်အတူ ယာဉ်နံပါတ်ပြား(၃)ခုကို တပ်ဆင်လျှ
က် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်မှ မောင်းနှင်
ဖြတ်သန်းခဲ့ကြောင်း သက်သေများရှေ့ပြောပြအပ်ပေးသ
ဖြင့် ယာဉ်နံပါတ်ပြား(၃)ခု ဘောင်အမှတ်-AZR60-03
61472 ပါ NOAH အမျိုးအစား(အဖြူ ရောင်)ယာဉ်(၁)
စီးတို့အား သက်သေများရှေ့ရှာဖွေပုံစံရေးသွင်းသိမ်းဆ
ည်းခဲ့ပြီး တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် လိုင်စင်
မဲ့ယာဉ်ကို နံပါတ်ပြား(၃)ခုနှင့် လက်ဝယ်ထားမောင်းနှ
င်သူ အောင်မြတ်သူ အား မြဝတီမြို့မရဲစခန်းမှ အမူဖွင့်
အရေးယူဆောင်ရွက်ထားပါသည်။
Credit.. myawadi Police