ပြင်သစ်တွင် အသက် ၈၆ နှစ်အရွယ် ခရစ်ယာန်ဘုန်းတော်ကြီးတပါး ဘုရားကျောင်းတွင်း၌ လည်လှီးသတ်ခံရ
------ ------ ------ ------ ------
ပြင်သစ်နိုင်ငံ Rouen မြို့ရှိ ဘုရားကျောင်းတခုအတွင်း၌ အသက် ၈၆ နှစ်အရွယ် ခရစ်ယာန်ဘုန်းတော်ကြီးတပါး ခေါင်းဖြတ်သတ်ခံရမှုတခု ဇူလိုင် ၂၆ ဒေသစံတော်ချိန် နံမက် ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်သမားနှစ်ဦးသည် အဆိုပါ ဘုရားကျောင်းတွင်းသို့ ၀င်ရောက်၍ အသတ်ခံရသူ ဘုန်းတော်ကြီးအပါအ၀င် သီလရှင်နှစ်ပါးနှင့် ဘုရားကျောင်းတက်လာသူနှစ်ဦးအား ဓါးစာခံလုပ်၍ ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။
ဘုန်းတော်ကြီး Jacques Hamel မှာ ခေါင်းဖြတ်သတ်ခံလိုက်ရပြီး ဓါးစားခံအခြားတဦးမှာလည်း အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။ ဘုရားကျောင်းတွင်းသို့ ရဲတပ်ဖွဲ့ဝင်များက စီးနင်းဝင်ရောင်ခဲ့ပြီး အကြမ်းဖက်သမားနှစ်ဦးအား ပစ်သတ်ခဲ့သည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ လွန်စွာ နာကျင်၍ ထိန်လန့်မိကြောင်း၊ ယင်းသို့ ရိုင်းဆိုင်းကြမ်းတမ်းစွာ သတ်ဖြတ်မှုနှင့်ပတ်သက်၍ စက်ဆုတ်မိကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပြောသည်။ ရဲတပ်ဖွဲ့ဝင်များ Gambetta ဘုရားကျောင်းသို့ ရောက်ရှိလာပုံ၊ လူတဦးအား လူနာတင်ယာဉ်ပေါ် တင်ဆောင်ခေါ်ယူသွားပုံများကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။
Ref-Newswatch