မသီရိလတ်နဲ့သမီးငယ် ၂ ယောက်ဓာတ်ပုံကိုတွေ.လိုက်ရတော့ စိတ်အင်မတန်ထိခိုက်မိတယ်
ကော့မှုးက ကလေးငယ်တွေနဲ့ တွေ.တဲ့အကြိမ်တွေမှာ သမီးတို့ကို နှိပ်စက်တာ ဘယ်သူပါသလဲ၊ ဒီဒဏ်ရာကို ဘယ်သူပြုလဲလို့ မေးမြန်းခဲ့တဲ့ ကျနော့်ရဲ.မှတ်တမ်းတွေအရ မသီရိလတ်ဟာ တစ်ခါမှရိုက်နှက်နှိပ်စက်တာမပါဝင်ဘူးလို့ ဆိုပါတယ်။ သူ့ဖေ့စ်ဘွတ်မှာလည်း သူမလုပ်ခဲ့ပါဘူးလို့ပြောတာ အမှန်တရားလို့ ကျနော်ယူဆပါတယ်။
ကျနော် အပ်ချုပ်ဆိုင်ကိုသွားတဲ့နေ့တုန်းက စကားပြောခဲ့တာ သူနဲ့ သူ့အမေပါ။ ကလေးတွေကို ဓာတ်ပုံရိုက်တာ သိသွားပြီး၊ ကျနော့ဖုန်း ဗွီဒီယိုပွင့်နေတယ်၊ ပိတ်လိုက်ပါလို့ပြောတာ မသီရိလတ်ပါ။ဓာတ်ပုံထပ်မရိုက်အောင် စန်းကေခိုင်ရှေ.ကို ပြေးပြီးမတ်တပ်ရပ်ပိတ်ဆို့လိုက်တာ မသီရိလတ်ပါ။
ကော်မရှင်ညှိနှိုင်းပွဲမှာ ဒေါ်မြမြက ရာဇ၀တ်အားပေးစကားပြောတော့ ဒါကိုအားတက်ပြီး ကျနော့်ဖက်ကိုလှည့်ကာ သီရိလတ်က ဟုတ်တာပေါ့ သူတောင် (ကျနော်တောင်) ဘယ်လောက်လူဆန်လဲ ၊ သူများတွေကို လူမဆန်ဘူးလို့လျှောက်ပြောနေတယ်လို့ ရယ်မော ပြောခဲ့သူဟာ သီရိလတ်ပါ။
ဒါပေမယ့် သေချာတာက ကလေးတွေနှိပ်စက်ခံနေရတဲ့အခြေအနေတွေအားလုံးကို သူသိခဲ့တယ်။ နောက်ပြီး ဒီနှိပ်စက်ခံရမှုမှာ ကိုယ်တိုင်မပါဝင်ပေမယ့် ၀င်ရောက်တားဆီးခြင်းမရှိ၊ သတင်းပို့ခြင်းမရှိတဲ့အတွက်တော့ အရေးယူခံရနိုင်စရာရှိပါတယ်။ ပြစ်မှုတွေက ညှင်းပန်းနှိပ်စက်မှုတွေအပါအ၀င် ၊ မတရားဖမ်းဆီးချုပ်နှောင်ထားမှု၊ ကျွန်ပြုမှုတွေဖြစ်နေတော့ သာမာန်ကျနော်တို့လို အရပ်သားတွေရဲ. သုံးသပ်ချက်တွေဟာ ဥပဒေရှုထောင့်အသွယ်သွယ်ကို ဖမ်းဆုပ်နိုင်ခြင်းမရှိပါဘူး။ တရားသူကြီးရဲ. အဆုံးအဖြတ်ပေါ်မှာမူတည်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကော်မရှင်ရဲ.ညှိနှိုင်းမှုအပြိး ကျနော်သာဘာမှဆက်မလုပ်ရင် အင်းဝမိသားစုဖမ်းခံနိုင်စရာအကြောင်းမရှိလို့ သူတို့ခုလိုဖြစ်ရတာ ကိုယ့်ပယောဂမကင်းဘူး၊ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ.လူမမယ်ကလေးငယ်တွေရဲ. အနာဂတ်ဒုက္ခတွေ တွေးကြည့်မိပြီး ကျနော်တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။
ရဟန်းစားရသော ဆွမ်းတနပ်ထဲက ၀ိရောဓိ Moral Dilemma ကိုကျနော်ရင်ဆိုင်ခံစားနေရပါတယ်။ တစ်ဖက်က လူလောကရဲ. တရားစီရင်မှုနဲ.တောင် မလုံလောက်တဲ့ရာဇ၀တ်မှုကြီးများ၊ တစ်ဖက်ကတော့ အနန္ဒမေတ္တာ၊ အနန္ဒဥပေက္ခာ။
ဒီဝိရောဓိမှာ သင်ဘယ်ဖက်ပါမလဲဆိုရင်တော့ ကော့မှုးကကလေးတွေကို ကိုယ်တိုင်သွားကြည့်ပါ။ သူတို့ရဲ.လက်တွေကို ကိုင်ကြည့်ပါ၊ သူတို့ရဲ. ဒူးဆစ်တွေကို သေသေချာချာကြည့်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် တရားစီရင်မှုဆိုတာ အမြင့်ဆုံးသော မေတ္တာတရား ( Justice be executed with utmost kindness) နဲ. လုပ်မှသာ မှန်ကန်မှာမို့ လွန်ခဲ့တဲ့လေးရက်က လူကယ်ပြန်ဝန်ကြီးကို ဖမ်းခံရသူတွေရဲ. လူမမယ်ကလေးငယ်များကို သွားရောက်ကြည့်ရှုပြီး လိုအပ်တာအကူအညီပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ သူလည်း အားတက်သရောနဲ. မှန်တာပေါ့၊ လုပ်ရမှာပေါ့ဆိုပြီး ပြန် ပြောပါတယ်။
ပြစ်မှုနဲ.ပြစ်ဒဏ်မျှတပါစေ။ ဘယ်အခြေအနေပဲဖြစ်ဖြစ် မည်သည့်အပြစ်ပေးမှုမဆို လူ့ဂုဏ်သိက္ခာကို မညှိုးနွမ်းစေရ။ ဘယ်လောက်ဆိုးဆိုး နက်ဖန်မှာ လူသားတစ်ယောက်ဟာ သူတော်စင်အဖြစ်ပြောင်းလဲနိုင်တဲ့ မျိုးစေ့ကို အားလုံးပိုင်ဆိုင်ထားတယ်ဆိုတာနားလည်လက်ခံပြီး လောကဓမ္မကို စောင့်ထိန်းနိုင်ကြပါစေလို့ဆန္ဒုပြုပါတယ်။
Ba Kaung
ကိုဆွေဝင်း
သတင်းထောက်ချုပ် Myanmar Now
စက်တင်ဘာလ၂၉ရက်၂၀၁၆
----------------------------------
Thiri Lat
စက်တင်ဘာလ၂၈ရက်၂၀၁၆
ကျမ သီရိလတ် ပါ .(အင်းဝအပ်ချုပ်ဆိုင်)ရဲ့ သမီးကြီးပါ. ကျမ ကို တရားခံပြေးအဖစ် သတ်မှတ်ထားပါတယ် .ကျမကိုယ့်ကို ကိုယ် ယုံကြည်ပါတယ် တရားခံ မဟုတ်ဘူးဆိုတာကို . ဘာဖြစ်လို့လဲ ဆိုတော့ ကျမ သဇင်ကို ထိခိုက်ဒဏ်ရာရအောင် တခုမှ မပြုလုပ်ခဲ့ပါ. ဒါကို ကျမသိသလို သဇင်လဲ သိပါတယ်
ဘုရားသခင်လဲ သိပါတယ် .ကျမမှာ အိမ်မရှိ၍ စီးပွားရေး အိမ်ထောင်ေ၇း မပြေလဲ၍ အမေ့အိမ် (အင်းဝ အပ်ချုပ်ဆိုင် )
မှာဒုတိယ သမီးကိုယ်ဝန် ၅လ အချိန်မှ စ၍ သွားရောက်မှီခို ခဲ့ပါတယ် .ကျမအပစ်မရှိကြောင်း ကို ချက်ချင်းသွားပြောပီး ပြန်လာလို့ မ၇တဲ့ နေ၇ာမို့လို့ . လူမမယ်သမီးလေး ၂ယောက် ၂နှစ်နဲ့ ၆နှစ် ကို ကြည့်ရှုစောက်ရှောက်
ထိန်းသိမ်းပေးမဲ့သူ မရှိပါ .ဆွေးမျိုးများနှင့်လဲ ယခင်ကထဲ ကသွားရောက် ဆက်ဆံ ပတ်သတ်ခဲ့ခြင်းလဲ မရှိပါ.ကျမ အထုပ်ပိုက်ပီး စခန်းသွား၇န် အဆင်သင့် ဖစ်နေပေမဲ့ သမီး ၂ယောက် လုံး ဖျားပီးနေမကောင်း
ပဲ ဘယ်သူ့ကို အပ်သွားရင်ကောင်းမလဲ လို့ စဉ်းစား ရင်း အချိန်လင့်ခဲ့ ၇ပါတယ် .. ကျမမှာ အပစ်မ၇ှိဟုယုံကြည်၍ ကျမကို ဝိုင်းဝန်းကူညီ ပီး အပစ်မရှိကြောင်းအမှန်တ၇ားကို
ပေါ်ပေါက်စေ၇န် ဆုတောင်းပေးကြပါ၇န် ပန်ကြားအပ်ပါသည် ...
ယာ့အလ္လာ ကျတော်မျိုးမ အပစ်မလုပ်ခဲ့ပါ .. သမီးလေး၂ယောက်နဲ့ တူလေးရဲ့ မျက်နှာထောက်ထားသော
အားဖြင့် ကျမ ဒီအမှုမှာလုံးဝ မသက်ဆိုင်ကြောင်း ပေါ်ပေါက်ပါစေ .. အာမိန်း..
ကျမမှာ အပြစ်မ၇ှိပါဘူး ယုံကြည်ပေးကြပါ ...
#MyMedia