အိုလံပစ်မီးရှူးတိုင်သယ်ဆောင်လာစဉ် ကန့်ကွက်သူတစ်ဦးက မီးသတ်ဆေးဘူးဖြင့် ငြိမ်းသတ်ရန်ကြိုးစားခဲ့
***************************************
ဘရာဇီးတွင်ကျင်းပမည့် ၂ဝ၁၆ ရီယို အိုလံပစ်ပြိုင်ပွဲအ တွက် မီရှူးတိုင်သယ်ဆောင်လာ စဉ် ပြိုင်ပွဲကိုဆန့်ကျင်သူတစ်ဦးမှ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ် ရန်ကြိုးပမ်းခဲ့၍ ဖမ်းဆီးထိန်း သိမ်းမှုကိုခံခဲ့ရသည်။
ဘရာဇီးသမ္မတ ရူဆပ်ဖ် သည် ကျဆင်းနေသည့် နိုင်ငံစီး ပွားရေးကို မြှင့်တင်ခြင်းမရှိဘဲ အိုလံပစ်ပြိုင်ပွဲကို ပြည်သူ့ဘဏ္ဍာ ငွေများစွာအသုံးပြုပြီး လက်ခံ ကျင်းပခဲ့ခြင်း၊ အကျင့်ပျက်ခြစား မှုများဖြင့် အိုလံပစ်ပြိုင်ပွဲ၌ လုပ် ငန်းများရရှိရန် ကြိုးပမ်းခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အပေါ် ပြည်သူလူထုမှမကျေမ နပ်ဖြစ်ပွားလျက်ရှိကာ အိုလံပစ် ပြိုင်ပွဲကို ဆန္ဒပြမှုပြုလုပ်ခဲ့သည်။
မီးရှူးတိုင်သည် ဂျွိုင်ဗီလီသို့ ဖြတ်သန်းသယ်ဆောင်စဉ်လူအုပ် ကြားထဲမှ လူတစ်ဦးထွက်ပေါ်လာ ပြီး လုံခြုံရေးအစောင့်အရှောက် ကြားမှ မီးရှူးတိုင်ကို မီးသတ်ဆေး ဘူးဖြင့် ငြှိမ်းသတ်ရန်ကြိုးပမ်းခဲ့ သော်လည်း မီးရှူးတိုင်မှာ မီးငြိမ်း ခဲ့ခြင်းမရှိခဲ့ဘဲ သယ်ဆောင်သူမှာ လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ကြောင်းသိရသည်။
ရီယိုအိုလံပစ်ပြိုင်ပွဲသို့ ကမ္ဘာ့ အဆင့် ၇ တင်းနစ်သမား ရာအိုး နစ်က ဇီကာဗိုင်းရပ်စ်ပိုးကြောင့် ကနေဒါနိုင်ငံကိုယ်စားပြုယှဉ်ပြိုင် တော့မည်မဟုတ်ကြောင်း ပြော သွားခဲ့ပြီး ဂျိုကိုဗစ်၊ လိုပက်ဇ်၊ တိုမစ်၊ ကွာရေးတို့ ပြီးနောက် နာမည်ကြီးတစ်ဦး နုတ်ထွက်ခဲ့ ခြင်းဖြစ်သည်။
WKM #DemocracyToday