အီရတ်တွင် စံချိန်သစ်တင်လုနီးပါး အပူလှိုင်းဖြတ်သန်းမှုနဲ့ရင်ဆိုင်နေ


*******************************************
အီရတ်နိုင်ငံတွင်အမြင့်ဆုံးစံချိန်သစ်တင်လုနီးပါးအခြေအနေဖြစ်တဲ့အပူချိန်(၅၃)ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ခဲ့တာကြောင့်အစိုးရရုံးတွေနဲ့လမ်းတွေကိုယာယီပိတ်ခဲ့ရပါတယ်။အပူလှိုင်းဖြတ်သန်းမှုကြောင့်ဇူလိုင်လ(၂၀)နဲ့(၂၁)ရက်နေ့တွေကအစိုးရရုံးအားလုံးကိုပိတ်ထားခဲ့ရကာ၊နေ့စဉ်လူနေမှုဘ၀လှုပ်ရှားသွားလာမှုတွေအပေါ်ထိခိုက်မှုတွေရှိခဲ့ပါတယ်။အပူချိန်မြင့်တက်မှုနဲ့အတူလျှပ်စစ်ဓါတ်အားပြတ်တောက်မှု၊သောက်သုံးရေပြတ်လပ်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့်၊ISတပ်ဖွဲ့တပ်စွဲခဲ့ရာမြို့ဟောင်းFalluja(ဖလူဂျာ)မှ ရွှေ့ပြောင်းလာကြတဲ့အီရတ်ပြည်သူတွေအဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ BBC သတင်းမှာဖော်ပြထားပါ တယ်။




(by-Nilar Wai)
CNB
Powered by Blogger.