ပြည်တွင်း ငါးဖမ်းစက်လှေပေါ် လူကုန်ကူးခံရသည့် ရေလုပ်သားများကို ကယ်ထုတ်နိုင်ခဲ့
ရန်ကုန်၊ ဇူလိုင် ၂၁
မွန်ပြည်နယ် ရေးမြို့နယ်အနီးရှိ ပြည်တွင်းငါးဖမ်း စက်လှေပေါ် လူကုန်ကူးခံခဲ့ရသည့် ရေလုပ်သား ၁၁ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ပါဝင်ပတ်သက်သူများကိုတရားစွဲဆိုထားပြီး ဖြစ်ကြောင်းသိရသည်။ ဘင်္ဂလား ပင်လယ်အော်အတွင်း ငါးဖမ်းနေသည့် ပြည်တွင်းငါးဖမ်းစက် လှေပေါ်တွင် အလုပ်လုပ်ရန်ခေါ် ဆောင်ကာ ရေလုပ်သားများ၏ လုပ်အားခများကို ထုတ်ယူခဲ့သည့်ပွဲစားများ၊ စက်လှေပဲ့နင်းနှင့် ပါဝင်ပတ်သက်သူများကို လူကုန်ကူးမှုတားဆီးနှိမ် နှင်းရေးအဖွဲ့က တရားလိုပြုလုပ်၍ ဇူလိုင် ၁၅ ရက်က ရေးမြို့နယ်တရား ရုံး၌အမှုဖွင့်ထားကြောင်းသိရသည်။ လူကုန်ကူးခံရသည့် ရေလုပ်သား ၁၁ ဦးက သက်သေအဖြစ်ထွက်ဆိုပေးရ မည်ဖြစ်ကြောင်း သိရသည်။
ယင်းရေလုပ်သားများနှင့်ပတ်သက်၍ လူကုန်ကူးမှုတားဆီးနှိမ်နှင်း ရေးအဖွဲ့မှ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို ရေးဆွဲသွားမည်ဖြစ်ကြောင်း မြန် မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။ ယင်းနှင့်ပတ်သက်၍ ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ရှိ Summit Park View ဟိုတယ်တွင်ပြုလုပ်သည့် ပြည် တွင်းငါးဖမ်း လုပ်ငန်းတွင် လူကုန်ကူးခံရသောအလုပ်သမား ၁၁ ဦး၏သတင်းစာရှင်းလင်းပွဲအပြီး၌ ၎င်းကမီဒီယာများကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဦးမောင်မောင်က''ပြည်တွင်းငါးဖမ်းလုပ်ငန်းမှာ လူကုန်ကူးမှုတွေဖြစ် နေ ပါတယ်။ လူကုန်ကူးခံရတယ် ဆိုတာကို ခုရေလုပ်သားတွေလိုမျိုးဆက် သွယ်အကြောင်းကြားလာရင်တော့ ပြန်လည်လွတ်မြောက်အောင် ကူညီ ပေးဖို့ရှိပါတယ်'' ဟု ပြောသည်။ ငါးဖမ်းစက်လှေများပေါ် လူကုန်ကူးခံ ထားရသည့် ရေလုပ်သားမြောက် မြားစွာကျန်ရှိနေနိုင်သေးသည့်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များ အနေဖြင့် ကယ်တင်ပေးစေလိုကြောင်း ရေလုပ်သား ၁၁ ဦးက တောင်းဆိုထားသည်။
ပြည်တွင်းငါးဖမ်းစက်လှေများ ပေါ်တွင် လုပ်ကိုင်နေကြသည့် လှေ လုပ်သားများအပေါ် လုပ်အားခေါင်း ပုံဖြတ်ခြင်းနှင့် လူကုန်ကူးခံထားရ သော ရေလုပ်သားများထပ်မံကျန်ရှိ နေနိုင်သေးသည့်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ဖော်ထုတ်အကူအညီပေးနိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ထံမှ သိရသည်။ ယင်းရေလုပ်သား ၁၁ ဦးအနေ ဖြင့် မြန်မာနိုင်ငံလုံး ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်သို့ ဖုန်းဖြင့်ချိတ်ဆက်အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့၊ သက်ဆိုင်ရာအာဏာပိုင်တို့နှင့် ပူး ပေါင်းကာ ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တွင် ရေ လုပ်သား ၁၁ ဦးကိုသွား ရောက်ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုပြန်လည်လွတ်မြောက်လာသည့် ရေလုပ်သား၁၁ဦးသည်ဧရာဝတီ၊ ရခိုင်၊ ပဲခူးနှင့် မွန်ပြည်နယ်တို့မှ သွားရောက်လုပ်ကိုင် ခဲ့ကြသူများဖြစ် ကြောင်း သိရသည်။
ယင်းလုပ်သားများသည် ၎င်းတို့ နေထိုင်ရာဒေသများတွင် အလုပ်အကိုင်ရှားပါးခြင်းကြောင့် ကမ်းနီးငါးဖမ်းလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ရန် ပွဲစားများနှင့်လိုက်ပါခဲ့ကြခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသ ကြီးဝါးခယ်မမြို့နယ်မှ သွားရောက်လုပ်ကိုင်ခဲ့သည့် ရေလုပ်သားဦးမင်းမင်းက ပြောသည်။ အဆိုပါလုပ်သားများကို ပွဲစားများက ငါးဖမ်းစက်လှေများသို့ပို့ ဆောင်ပေးခဲ့ပြီး လှေလုပ်သားများရရှိမည့် လုပ်အားခများကို ယင်းပွဲစားများက ထုတ်ယူကြကြောင်းငါးဖမ်းစက် လှေပေါ်မှ ပဲ့နင်းကလည်းလှေလုပ်သားများအား ညှဉ်းပန်းနှိပ်စက်ခြိမ်း ခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း လှေလုပ်သားများထံမှ သိရသည်။ ယင်းနှင့်ပတ်သက်၍ ပဲခူး တိုင်း ဒေသကြီးမိုးညိုမြို့နယ်မှ သွားရောက်လုပ်ကိုင်ခဲ့သူ ဦးဇော်လွင်က ''ရွာမှာအလုပ်ပါးရှားလို့အလုပ်ခေါ်တော့ လုပ်ရတာပေါ့။ ပင်လယ်ထဲထွက်ခါနီးမှာ ပွဲစားတွေကလိုအပ်တဲ့ကွမ်း၊ ဆေးလိပ် အဝတ်အစား ဝယ်ပေးပြီး ပင်လယ်ထဲထည့်လိုက်တယ်။ ပင်လယ်ထဲရောက် တော့ပွဲစားနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ အဲဒီအချိန်မှာ ပွဲစားက ကြားထဲကယူနေတာ သူဌေးကိုလည်း ပေးမတွေ့ဘူး။ သူဌေးက ပေးလိုက်တာမှာ အလုပ်သမားတွေရဲ့လက်မှတ် ထိုးယူတာမရှိဘူး'' ဟု ပြောသည်။
ငါးဖမ်းစက်လှေများတွင် လိုက်ပါလုပ်ကိုင်နေသည့် ရေလုပ်သားများအတွက် တရားဝင်ရေလုပ်သားကတ်များကို ထုတ်ပေးစေလိုကြောင်း ပြန်လည်လွတ်မြောက်လာသည့် ရေလုပ်သားများက တောင်းဆိုကြသည်။ လက်ရှိတွင် ယင်းရေလုပ်သား ၁၁ ဦးအား တရားရင်ဆိုင်နေရချိန်တွင် တစ်လလျှင်ကျပ်တစ်သိန်းခြောက် သောင်းနှုန်းဖြင့် အလုပ်သမားများကို အကူအညီပေးနေသည့် အဖွဲ့ဖြစ်သော ထိုင်းနိုင်ငံအခြေစိုက် Issara Insti- tute (means freedom) မှသုံးလ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ ဒေါ်ချောချောကပြောသည်။ ပြန်လည်လွတ်မြောက်လာသည့် ရေလုပ်သား ၁၁ ဦးကို မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂ များအဖွဲ့ချုပ်မှ အဝတ်အစားများနှင့် ငွေကြေးအချို့ထောက်ပံ့ထားကြောင်း သိရသည်။
TTMT
#democracytoday