ကိုယ်ဝန်(၃)လရှိမှ သမီးဖြစ်သူအား အိမ်ထောင်သည်လယ်နီးချင်း တရွာသားဖြစ်သူမှ အလိုမတူပဲ ချိန်းခြောက်၍အဓ္ဓမအကြိမ်ကြိမ်ပြုလုပ်နေကြောင်းသိရှိရ
***************************************
တွံတေးမြိုမရဲစခန်းသို့ ၂၆.၇.၂၀၁၆ရက်နေ့၁၄၀၀အချိန်တွင် ဘုရားငုတ္တို(တ)ကျေးရွာအုပ်စု ဂွရွာနေ ဦးဝင်းစော မှတရားလိုပြုလုပ်၍၎င်း၏သမီးဖြစ်သူ မဝိုင်းစိန်အား အလိုမတူပဲ သားမယားဖြစ်အကြိမ်ကြိမ် ချိန်းခြောက်ပြုကျင့်၍ သမီးဖြစ်သူတွင် ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်းအမှုဖွင့်တိုင်တန်းလာသဖြင့် မဝိုင်းစိန် ၁၈နှစ်(ဘ)ဦးဝင်းစောအားစစ်မေးရာ
လွန်ခဲ့သော(၃)လခန့် ည၉နာရီအချိန် သူမတဦးတည်း နေအိမ်တွင်အိပ်နေစဉ် လယ်နီးချင်းဖြစ်သူ စိုးဟိန်းမှ သူမအား ဓားမြှောင်ဖြင့်ထောက်လျက် အော်လျင် သက်ပစ်မည်ဟု ချိန်းခြောက်ပြောဆိုပြီး အလိုမတူပဲ သားမယားဖြစ်ပြုကျင့်ခဲ့ကြောင်းနှင့် ယင်းနောက်ပိုင်း မဝိုင်းစိန် နေအိမ်တွင်တယောက်ထဲရှိသည့်အချိန်များတွင် ၎င်းမှအခွင့်ကောင်းယူ၍ အဓ္ဓမပြုကျင့်ကြောင်းစစ်မေးသိရှိရသဖြင့် တရားခံဖမ်းဆီးရမိနိုင်ရေးအတွတ် တွံတေးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်နိုင်စိုး နှင့်နယ်ထိန်းအရာရှိ ဒုရဲအုပ် သီဟသူတို့ဦးဆောင်၍နယ်ထိန်းအဖွဲ့နှင့်ဘုရားငုတ္တို(တ)ဂွရွာသို့သွားရောက်ဖမ်းဆီးရာ တရားခံမှာပြစ်မှုမှလွတ်မြောက်လို၍ထွတ်ပြေးရာနယ်ထိန်းတပ်ဖွဲ့ဝင်များမှ လုံးတွေးသက်ပုက်ဖမ်းဆီးရမိခဲပြီး အလိုမတူပဲ အဓ္ဓမသားမယာအဖြစ်ပြုကျင့်သူ စိုးဟိန်း ၃၂နှစ်(ဘ)ဦးကျော် လယ်လုပ် ရေကျော်လေးကျေးရွာ ကျိုက်သလဲအုပ်စုနေထိုင်သူအား တွံတေးရဲစခန်း(ပ)၃၉၇/၂၀၁၆ ပုဒ်မ ၃၇၆ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရှိရပါသည်။
Sue Sue