အာဏာသိမ်းဖို့ ကြိုးစားသူတွေ တန်ဘိုးကြီးကြီးပေးရလိမ့်မယ်လို့ တူရကီသမ္မတပြော



ဧရာဝတီ

တူရကီတောင်ပိုင်း အပန်းဖြေစခန်းကနေအစ္စတန်ဘူလ်မြို့ ကို လေယာဉ် နဲ့ ရောက်ရှိလာတဲ့ သမ္မတ အာဒိုဂန်က နိုင်ငံတော် အာဏာကို သိမ်းယူဖို့ ကြိုးစားသူတွေအနေနဲ့ တန်ဘိုးကြီးကြီးပေးရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်၊ အာဏာသိမ်းဖို့ ကြိုးစားသူတွေအနေနဲ့ အကျိုးဆက်ကို ခံစားရလိမ့်မယ်လို့ သူကပြောပါတယ်။

ယခု အာဏာသိမ်းရန် ကြိုးစားမှုနဲ့ ပတ်သက်ပြီး ပုန်ကန်သူများကို စစ်တပ်ထဲက သန့်စင်ပစ်ဖို့ ကျနော်တို့ကို ခွင့်ပြုတာဖြစ်တဲ့အတွက် “အလာဟ် ရဲ့ ကောင်းချီး”ပေးတာဖြစ်တယ်၊ သူ့ကို ထောက်ခံတဲ့သူတွေနဲ့ အတူရှိနေမယ် လို့လည်း ဆိုလိုက်ပါတယ်။

အာဏာသိမ်းဖို့ ကြိုးစားတဲ့သူဟာ တူရကီစစ်တပ်မှ အရာရှိဟောင်း ဗိုလ်မှူးကြီး မူဟာရမ် ကိုစီ ဆိုသူဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လက တပ်မှ နာမည်ပျက်နဲ့ ထွက်ခဲ့သူဖြစ်တယ်လို့ အစိုးရသတင်းက ဆိုပါတယ်။

ဧရာဝတီ
Powered by Blogger.