တူရကီလက်နက်ကိုင်အဖွဲ့မှ (၇၅၄) ဦး ဖမ်းဆီးထား



အေအက်ဖ်ပီသတင်းဌာနအရ အာဏာသိမ်းရန် ကြိုးပမ်းမှုမှ တူရကီလက်နက်ကိုင်တပ်ဖွဲ့ဝင် (၇၅၄) ဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန Anatolia ကို ကိုးကားပြီး ဖော်ပြထားပါတယ်။ 

ဗိုလ်မှူးကြီး (၂၉) ဦးနှင့် ဗိုလ်ချုပ် (၅) ဦးကို ၎င်းတို့ ရာထူးများမှ ဖယ်ရှားပစ်ခဲ့တယ်လို့ အဆိုပါ Anatolia က တူရကီအရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားထားပါတယ်။

ဇူလိုင် (၁၆) ရက်နေ့က အစ္စတန်ဘူလ်ရှိ တပ်ဆင်ရင်ပြင်မှာ ရဲတပ်ဖွဲ့က တူရကီစစ်သားတွေကို ဖမ်းဆီးနေစဉ်။ (ဓာတ်ပုံ - အီးပီအေ)
#Turkey

Mizzima
Powered by Blogger.