စားသောက်ဆိုင်တွေမှာစည်ဘီယာကိုပန့်နဲ့ရောင်းချနေတာရပ်ဆိုင်းဖို့ ညွန်ကြား


*******

သတ်မှတ်လိုင်စင်မဟုတ်ဘဲ ရောင်းချနေတာတွေရှိလို့ အခုလိုညွှန်ကြား ခဲ့တာပါ။

ပြည်တွင်းက စားသောက်ဆိုင်တွေမှာ စည်ဘီယာတွေကို ပန့်နဲ့ ရောင်းချနေတာ ကို ရပ်ဆိုင်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနက သတိပေးချက်တွေ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီဌာနက ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်အရ ညွှန် ကြားချက်အသစ်အရ ပြည်တွင်းဘီယာချက်စက်ရုံတွေကနေ ထုတ်လုပ် ဖြန့်ဖြူး တဲ့ စည်ဘီယာပန့်ကို ယစ်မျိုး လိုင်စင် FL9 နဲ့ FL10 ကိုင်ဆောင်ထားတဲ့ စားသောက်ဆိုင်တွေမှာပဲရောင်းချရတော့မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံယစ်မျိုး အက်ဥပဒေနဲ့ နည်းဥပဒေတွေအရ ခေတ်ကာလ နဲ့ လျော်ညီတဲ့ ညွှန်ကြားစာတွေကို ထုတ်ပြန်ခဲ့တာကြောင့် အရင် ယစ်မျိုးလိုင် စင်FL17 ကိုင်ဆောင်ပြီး ယမကာရောင်းချသူတွေက စည်ဘီယာ ပန့်တွေ ရောင်း ချခွင့်မရှိတော့တာကြောင့် မလိုက်နာရင် ယစ်မျိုးဥပဒေအရ အရေး ယူသွားမယ်လို့ သိရပါတယ်။

စည်ဘီယာပန့်နဲ့ ရောင်းချတဲ့ ဆိုင်ပေါင်း ၇,၀၀၀ ကျော်ရှိရာမှာ ဆိုင်ပေါင်း ၂,၅၀၀ လောက်ကပဲ FL 9 လိုင်စင် ကိုင်ဆောင်ထားတာဖြစ်ပြီး အများစုကတော့ FL 17 လိုင်စင်နဲ့ပဲ စည်ဘီယာရောင်းချနေကြတယ်လို့ ဆိုပါတယ်။

ယစ်မျိုးလိုင်စင်ရည်ညွှန်းမူဝါဒအရ နှစ်စဉ် လိုင်စင်အရေ အတွက် လျော့ ကျဖို့ ဆောင် ရွက်ရမှာဖြစ်ပေမယ့် ၂၀၁၅ ခုနှစ်မှာ လိုင်စင်အရေအတွက် ၄၁,၁၅၃ ခုရှိခဲ့ရာမှ ဒီနှစ်မှာနှစ်ခုပဲ လျော့ကျခဲ့ပြီး အရေအတွက် ၄၁,၁၅၁ ခု ရှိနေသေးတယ်လို့ သိရပါတယ်။

Photos : MBT,Filker

Credit>>>Duwun
Powered by Blogger.