ဆေးဝယ်ပြီးပြန်လာသောအမျိုးသမီးငယ်ကို အမျိုးသားတစ်ဦးက ပါးစပ်ပိတ်ခေါ်ဆောင်၍ သားမယားပြုကျင့်


==============

 မော်လမြိုင်မြို့၊ ကော့ခနိရွာသစ်တွင် နေမကောင်းသည့် ဖခင်အတွက် ဆေး ဝယ်၍ နေအိမ်သို့ ပြန်လာသော အသက် ၁၇ အရွယ် အမျိုးသမီးငယ်ကို ဇူလိုင် ၁၀ ရက်နေ့က တစ်ရပ်ကွက်တည်းနေသူ အမျိုးသားတစ်ဦးက အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ မိခင်ဖြစ်သူက အမှုဖွင့် တိုင်းကြားထားကြောင်း မုပွန်နယ်မြေ ရဲစခန်းထံမှ သိရသည်။

ယင်းအမျိုးသမီးငယ်မှာ နေမကောင်းဖြစ်နေသော ဖခင် အတွက် ဆေး သွားဝယ်ရန် ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီက နေအိမ်မှ ရွာအနောက် ပိုင်းသို့ တစ်ဦးတည်းထွက်သွားခဲ့ရာ ည ၇ နာရီအချိန်ထိ နေအိမ်သို့ ပြန်လည် မရာက်ရှိလာခြင်းကြောင့် ၎င်းမိသားစုဝင်များက လိုက်လံရှာဖွေခဲ့သော်လည်း အဆိုပါည၌ မတွေ့ရှိခဲ့ရကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

အမျိုးသမီးငယ် ပျောက်ဆုံးနေပြီးနောက် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် တစ်ရပ်ကွက်တည်းနေသူ ဦးမောင်မှတ်သည် အမျိုးသမီး ငယ် နေအိမ် သို့ရောက်လာပြီး “အစ်မသမီးကို ကျွန်တော်တွေ့တယ်၊ သင်္ချိုင်း ကုန်း နားမှာ” ဟု ပြောပြသဖြင့် သမီးဖြစ်သူကို လိုက်ရှာခဲ့ရာ သင်္ချိုင်းကုန်း အနီး တွင် ပြန် လည်တွေ့ရှိခဲ့ကြောင်း မုပွန်နယ်မြေ ရဲစခန်းမှတ်တမ်းအရ သိရသည်။

ဖခင်အတွက် ဆေးဝယ်ပြီးပြန်လာသည့် အမျိုးသမီးငယ်ကို တစ်ရပ်ကွက် တည်းနေသူ အသက် ၂၆ နှစ်အရွယ် စိန်သုံးလုံး (ခ) စန်းကို ဆိုသူက အနောက်မှ ပါးစပ်ပိတ် သိုင်းဖက်၍ မအော်နှင့်ဟု ပြောဆိုကာ ၎င်းရပ်ကွက်ရှိ ဦးမောင်မှတ်၏ နေအိမ်သို့ ခေါ်ဆောင်သွားပြီးနောက် ၎င်းနေအိမ် အိပ်ခန်း အတွင်း၌ အလိုမတူဘဲ သားမယား အဖြစ် နှစ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ် သည်ဟု ယင်းအမျိုးသမီးငယ်က မုပွန်နယ်မြေရဲစခန်း၌ ထွက်ဆိုထားသည်။

အလိုမတူဘဲ သားမယားအဖြစ် ဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသော စိန် သုံးလုံးကို မုပွန်နယ်မြေရဲစခန်းတွင် (ပ) ၃၀၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ဖမ်းဆီးထားကြောင်း ၎င်းရဲစခန်းထံမှ သိရသည်။

Credit>>>Hinthar Media Corporation
Powered by Blogger.