တံတားဦးမြို့နယ်၊ ပန်းယျကျေးရွာ၌မီးလောင်မှုဖြစ်ပွား



နေပြည်တော်၊ ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပန်းယျကျေးရွာရှိ ဦးကျော်စိုးမင်း(ဘ) ဦးတင်ငွေ၏နေအိမ်၌ ယနေ့နံနက် ၉ နာရီခန့်တွင် ဆိုလာပြားအားသွင်းထားရာမှ အားလွန်ကဲမှုကြောင့် နေအိမ်သက်ငယ်အား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ပြည်သူများ ၀ိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင့် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
  
မီးလောင်မှုကြောင့် အိမ်ခြေ ၂၀ လုံးခန့် (ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၃၂၂၅၀၀၀) မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၁၀၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးကျော်စိုးမင်းအား တံတားဦးမြို့နယ် ရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Ref: မြဝတီ
Powered by Blogger.