ယာဉ်မတော်တဆမှုဖြစ်ရင် မသေနိုင်တဲ့ လူပုံစံ


----
ပုံမှာ မြင်ရတာကတော့ ယာဉ်မတော်တဆမှုဖြစ်ရင် မသေနိုင်တဲ့ လူပုံစံပါ။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ အခြေစိုက် ပန်းပုပညာရှင် ပက်ထရစ်ရှာက ဒီဇိုင်းဆွဲပြီး ထုလုပ်ခဲ့တာပါ။ ၀မ်းဗိုက်တစ်ဝိုက် ဒဏ်ရာတွေကို ခွဲစိတ်ကုသတဲ့ ခွဲစိတ်ဆရာဝန်နဲ့ လမ်းပိုင်ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အင်ဂျင်နီယာတို့ထံက အတွေ့အကြုံဗဟုသုတတွေကို စနည်းနာခဲ့ပြီးတဲ့နောက် ပက်ထရစ်ရှာက လူပုံစံ ဒီဇိုင်းဆွဲခဲ့တာပါ။
ပက်ထရစ်ရှာ ဖန်တီးထားတဲ့ လူပုံစံမှာ ခေါင်းနဲ့ ခန္ဓာကိုယ်က တစ်ဆက်တည်းဖြစ်နေပြီး လည်ပင်းမပါပါဘူး။  ဒါက ဇက် မကျိုးအောင်လုပ်ထားတာပါ။ ပြီးတော့ ရင်ဘတ်က ကြီးမားပြီး ရင်သားတွေ အများကြီးပါဝင်တာကတော့ နံရိုးတွေနဲ့ နှလုံးကို ကာကွယ်ပေးဖို့အတွက်ပါ။ ဦးခေါင်းက ကြီးမားပြီး ခပ်ပြားပြားဖြစ်နေတာ နှာခေါင်းနဲ့ နားရွက် ဒဏ်ရာမရအောင် စီမံထားတာပါ။ ပြီးတော့ အဲဒီလူရဲ့ ဒူးက ဘယ်ပေါင်းစုံကို လှည့်လို့ရတာကြောင့် ယာဉ်မတော်တဆမှုမှာ ခြေထောက်ကျိုးဖို့ ရာခိုင်နှုန်းနည်းတယ်လို့ သိရပါတယ်။
အခုလို လူပုံစံ ဖန်တီးတာဟာ သြစတြေးလျအစိုးရအဖွဲ့ရဲ့ လမ်းပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး လုပ်ရှားမှုအစီအစဉ်သစ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။
 မောင်ယဉ်(ပစ်တိုင်းထောင်)
Powered by Blogger.