ပုဂံတွင် ပန်းချီဆွဲနေသည့် နိုင်ငံခြားသူကို လူလေးဦးက ဓားဖြင့်ထိုး၍ ပစ္စည်းလုယူ
==============================
ပုဂံမြို့ဟောင်း ဘုရား အမှတ် (၇၆၁)တွင် ပန်းချီရေးဆွဲ နေသော တိုင်ပေခရီး သွား တစ်ဦး ကို လူလေးဦးက ဓားဖြင့် ထိုးပြီး ပစ္စည်းလုယူမှု ဇူလိုင် ၂၆ ရက် က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
ဇူလိုင် ၂၆ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ပုဂံမြို့ ဘုရားအမှတ် (၇၆၁) ၌ ပန်းချီ ရေးဆွဲနေသော အသက် (၃၀)ခန့်အရွယ်ရှိ တိုင်ပေနိုင်ငံသူကို အမျိုး သမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦး က ဓားဖြင့် ထိုး၍ ကင်မရာတစ်လုံး၊ တိုင်ပေငွေ ၇၀၀ ကျော်၊ ဒေါ်လာ၈၀၊ မြန်မာကျပ်ငွေ ၇၀,၀၀၀ ကျော်နှင့် ပတ်စ်ပို့တို့ကို ယူဆောင်သွားသည်။
‘‘ဒဏ်ရာရထားတော့ သူစီး လာတဲ့ အီဗိုက်ဆိုင်ကယ်လည်း မစီးနိုင်ဘူး။ ကားတစ်စီးက ခေါ် လာတာ။ သူပန်းချီဆွဲနေတုန်းမှာ အလုခံရတာ လို့ပြော တယ်။ ကျွန် တော်လည်း ရဲကို အကြောင်းကြားလိုက်တာပဲ’’ဟု တိုင်ပေနိုင်ငံသူ အား စကားပြန်အဖြစ်ကူညီပေး သူ ကိုဇော်နိုင်ထွန်း က ပြောသည်။
‘‘တရားခံကို အမြန်ဆုံးမိ အောင် လုပ်နေပါတယ်။ ဘုရား ကလည်း လူပြတ်တဲ့ ဘုရားဖြစ် နေတော့ အတွဲတွေလည်း လာတဲ့ဘုရားဖြစ် နေတယ်’’ဟု ညောင်ဦး မြို့နယ်ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဓားဖြင့် အထိုးခံရမှုကြောင့် ခြေထောက်နှစ်ဖက်နှင့် လက် တစ်ဖက်တွင် ဒဏ်ရာများရရှိခဲ့ သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားမှု ကြောင့် ညောင်ဦးမြို့နှင့် ပုဂံမြို့ ရဲတပ်ဖွဲ့က လုယက်မှုကျူးလွန် သူများအား မြို့တက်လမ်းများကို ပိတ်ဆို့၍ ရှာဖွေလျက်ရှိသည်။
ဇန်န၀ါရီလကလည်း ပုဂံ မြို့သို့ လာရောက်လည်ပတ်သော တိုင်ပေခရီး သွားတစ်ဦးကို ပစ္စည်း လုယက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ဘုရားအမှတ် (၇၆၁) သည်ယခင်က ရန်ကုန်မြို့တော်ဝန် ဦးကိုလေးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)နှင့် ဇနီးတို့အားအမှူးထား၍ ပြုပြင်လှူဒါန်း ထား သော ဘုရားဖြစ်သည်။
Credit>>>7 Day