နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးပမ်းမယ် – ထွန်းထွန်းမင်း (ရုပ်သံ)



မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းက  တိုကျို WAY OF THE SAMURAI မှာ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင်ကြိုးပမ်းမယ်လို့ ပြောပါတယ်။

ထွန်းထွန်းမင်းဟာ ဒီကနေ့ပြုလုပ်မယ့် Ganryujima (ဂန်လျူဂျီးမား) ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ WAY OF THE SAMURAI ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မှာပါ။

ဒီပြိုင်ပွဲမှာ မူလက ဘရာဇီးလက်ဝှေ့သမားနဲ့ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် ကင်ညာနိုင်ငံသား Didier Nyembwe နဲ့ ထိုးသတ်ဖို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က သတ်မှတ်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ထွန်းထွန်းမင်းဟာ ပြိုင်ဘက် ကင်ညာသားကို သူ့အနေနဲ့ အနိုင်ရဖို့ သေချာတယ်လို့ ယုံကြည်မှုအပြည့်နဲ့ ဒီဗွီဘီကို ပြောပါတယ်။

အခုပြိုင်ပွဲကို နိုင်ငံပေါင်း ၁၇ နိုင်ငံက လာရောက်ယှဉ်ပြိုင်ကြတာဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားရိုးရာလက်ဝှေ့ကို ကမ္ဘာကသိအောင် ကြိုးပမ်းမှုတခုလည်းဖြစ်တယ်လို့ ရိုးရာလက်ဝှေ့ပွဲစီစဉ်သူ မြန်မာမီဒီယာဂရု(ပ်) ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဏက ဒီဗွီဘီ ကို ပြောပါတယ်။


ဒီဗွီဘီ
Powered by Blogger.