အလေးချိန် ပိဿာ ၅ဝဝဝ ကျော်ရှိ အင်ကြင်းကျောက်ဖြူ (ကြက်ဖြူကျောက်)နွားထိုးကြီးနယ်၌ တွေ့ရှိ

==================================

နွားထိုးကြီး ဇူလိုင် ၂၄

အင်ကြင်းကျောက်နယ်မြေဖြစ်သော နွားထိုးကြီးနယ်တွင် အလေးချိန် ပိဿာ ၅ဝဝဝ ကျော် (ရှစ်တန်) ခန့်ရှိ အရည်အသွေးမီ အင်ကြင်းဖြူကျောက်တုံးတစ်တုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။ အင်ကြင်းကျောက်ဖြူ မူလပိုင်ရှင်က တန်ဖိုးမဖြတ်သေး သော်လည်း ရှယ်ယာဝင်သူတို့က ငွေကျပ်သိန်း ၁၅ဝဝ နှင့် စဝင်သည်ဟု သိရ သည်။

နွားထိုးကြီးမြို့နယ်တွင် အင်ကြင်းကျောက်ရှားပါးလာသော်လည်း အရည် အသွေးမီ အင်ကြင်းကျောက်များ တူးဖော်ရရှိနေ၍ သိန်းရာချီအရောင်းအဝယ် ဖြစ်နေ သည်။ အင်ကြင်းကျောက်ကို စူးထောက်ရှာဖွေမှုမှာ အင်ကြင်းကျောက်တူးဖော်ရေး တွင်ခေတ်စားနေဆဲဖြစ်သည်။

ဌေးမြင့်မောင်



Powered by Blogger.