နိုင်ငံရေးက ဘုန်းကြီးတို့နဲ့ မဆိုင်ဘူးလေ ၊ ဘုန်းကြီးဆိုတာ စာသင်ရင်သင် ၊ မသင်ရင် တရားအားထုတ်ပေါ့


**********************************************

မဟနအဖွဲ့ဝင် ဒေါက်တာအရှင်တေဇောသာရာဘိဝံသနှင့် တွေ့ဆုံခြင်း

**********************************************

မင်းဗညား ၊ ညီတူး - တွေ့ဆုံမေးမြန်းသည်။

သံဃမဟာနာယက ဆရာတော်ကြီး ၄၇ ပါး စုံညီအစည်းအဝေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို ဘာ တွေဆွေးနွေးဖြစ်ခဲ့၊ ဆုံးဖြတ်ဖြစ်ခဲ့ပုံလေး တွေ မိန့်ကြားပေးပါဘုရား။

သံဃာကွဲမှာကို ဆရာတော် ကြီးတွေကလည်း မလိုလားဘူးလေ။ သူ တို့ကလည်း စိတ်ထဲမှာ မခံစားနိုင်လို့ ထုတ် ပြန်လိုက်တာက အမှားဖြစ်နေတယ်။ ဂိုဏ်း ပေါင်းစုံ သံဃာ့အစည်းအဝေးလုပ်တာက လည်း ၂ဝ၁၄ ခုနှစ်မှာ လုပ်တာ။ သူတို့ ပြောတာက ၂ဝ၁၃ ခုနှစ်မှာ ရန်ကုန်မြို့ မဟာပါသာဏလိုဏ်ဂူတော်ကြီးမှာ လုပ် သွားတဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံ ကြီးကနေ ပေါက်ဖွားလာတယ်လို့ဆိုတယ်။ မဟနကို တင်ပြခြင်း၊ ဆုံးဖြတ်ခြင်း၊ ဆွေး နွေးခြင်း မရှိပါဘူး။

ဒီလိုသံဃာအရေးတွေ ပေါ်လာ တယ်ဆိုတော့ ပြောရမယ်ဆိုရင် မြန်မာ နိုင်ငံမှာ ဂိုဏ်းကြီး ၉ ဂိုဏ်းပဲရှိတာပေါ့။ ၉ ဂိုဏ်းကလွဲပြီးတော့ ကျန်တဲ့အဖွဲ့အစည်း ဆိုတာ မရှိဘူး။ မဘသဆိုတာကလည်း မဖြစ်မနေ ငါတို့မလုပ်နိုင်တာကို သူတို့ တွေလုပ်ရတာကိုး။ ဘာသာ၊ သာသနာ အတွက် လိုအပ်တဲ့အဖွဲ့အစည်းဖြစ်တယ်။ သို့သော် သူတို့တွေက မလုပ်တတ်တော့ ဒီလိုဖြစ်တာပါ။ ဘုန်းကြီးကတော့ ဘုန်း ကြီး ဦးတိလောကကို အမြဲတမ်းလျှောက် ထားပါတယ်။ ဆရာတော်ကြီးတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်ဝမ်းနည်း တာပေါ့။ ဒါကြောင့် ဆရာတော်ကြီးတွေ က ထုတ်ပြန်ချက် မထုတ်ပြန်လို့မရတော့ ဘူးဆိုပြီး ထုတ်ပြန်လိုက်တဲ့သဘောပါ။ အရေးယူတဲ့အပိုင်းတော့ မလုပ်ပါဘူး။

မဟနအဖွဲ့ဆိုတာကလည်း ရှင်းရှင်းပြောရရင် အစိုးရက ခိုင်းတာလုပ် တဲ့အဖွဲ့အစည်းလည်း မဟုတ်ဘူး။ တစ် နိုင်ငံလုံးက သံဃာငါးသိန်းကျော်ကနေ ရပ်ကွက်ကနေအဆင့်ဆင့် ရပ်ကွက်အုပ်စု မြို့နယ်။ ခရိုင်တိုင်း သမုတိ၊ ဗဟိုဝန်ဆောင် တွေ အဲဒီအပေါ်မှာမှ မဟန ဖြစ်လာတာ ပါ။ သံဃာငါးသိန်းအပေါ်မှာမှ ဒီ ၄၇ ပါး ဖြစ်လာတာပါ။ ဒါက အစိုးရအဆက်ဆက် မှာ ခိုင်မြဲခဲ့တယ်။ စည်းကမ်းတွေ အခိုင် အလုံရှိပြီးသား။ ဒီအဖွဲ့အစည်းမရှိရင် လည်း ပြဿနာတက်မယ်။

ပြည်သူတွေကြားမှာ သံသယတွေ ဖြစ်နိုင် တာလား ဘုရား။

ဟုတ်တယ်။ ပြည်သူတွေကြား မှာ မဘသအဖွဲ့ကြီးက မဟနထက် ကျော် ပြီးဖွဲ့ထားတဲ့ အဖွဲ့ကြီးလား။ လူတွေက ဒီလိုထင်ကြတယ်။ အဲဒီလိုထင်တဲ့အခါ တကယ်တမ်းကျတော့ မဟနအဖွဲ့က သံဃာငါးသိန်းကျော်ရဲ့ ကိုယ်စား ဖွဲ့စည်း ထားတာ။

ဒါဆို မဘသအဖွဲ့အနေနဲ့ ဘာတွေလုပ် သင့်လဲ ဘုရား။

ဆရာတော်ကြီးတွေထံမှာ သြဝါဒခံယူ၊ ဝိနည်းစည်းမျဉ်းအတိုင်း နေမယ်ဆိုရင် ရတာပေါ့။ ပြောထားတယ်။ ဘာအဖွဲ့အစည်းမဆို သံဃနာယကအဖွဲ့ ရဲ့ လက်အောက်ခံဖြစ်တဲ့အတွက်ကြောင့် သူတို့က လက်မခံစရာအကြောင်းမရှိဘူး။ တရားပွဲတွေကအစ မြို့နယ်သံဃနာယက တွေကို တင်ပြရမယ်။ ဓမ္မာစရိယ အောင် ရမယ်။ ပိဋကတ်တော်နဲ့အညီ ဟောပြော တတ်ရမယ်။ ဒါမျိုးတွေပေါ့။ အမှားဟော ရင် ပြည်သူတွေပါ မှားယွင်းသွားနိုင်တယ်။ တရားဟောရင်လည်း ဓမ္မာစရိယအင်္ဂါရပ် နဲ့ ညီရမှာပေါ့။

သံဃာကိစ္စတွေနဲ့ ပတ်သက်ပြီး သံဃာ အတုအယောင်ကိစ္စတွေ။ အဲဒီလိုကိစ္စတွေ နဲ့ပတ်သက်ပြီး မဟနအနေနဲ့ ဘာတွေ အရေးယူဆောင်ရွက်လို့ရလဲ ဘုရား။

သံဃာမှာလည်း ဘုရားလက် ထက်မှာတောင် ရှိခဲ့သေးတာပဲ။ ပုထုဇဉ် ကိုး။ တချို့လည်း သင်္ကန်းကို ခုတုံးလုပ်ပြီး လုပ်စားနေတာရှိတယ်။ အဲဒါကို ကျောင်း ထိုင်ဘုန်းကြီးတွေကို ၇၅၊ ၈၂ တို့ အရေး ယူတာတွေ ညွှန်ကြားလွှာတွေရှိတယ်။ အဲဒါမျိုးတွေ။ တကယ်တမ်း တုတယ်လို့ မှန်ခဲ့ရင် ၂ဝ/၉ဝ နဲ့ ဝိုင်းဖမ်းပြီးတော့ အရေးယူရတာပဲ။ ၂၉၅(က)နဲ့ အရေး ယူလိုက်တာပဲ။ အဲဒီလိုမျိုးတွေရှိတယ်။ တကယ်တမ်း တင်လာခဲ့ရင်ပေါ့။ မြို့နယ် ကိုလည်း နိုင်ငံတော် ဆရာတော်ကြီးတွေ က အမြဲတမ်း စာထုတ်တယ်။

အခုနောက်ပိုင်းက လက်ဖက်ရည်ဆိုင်တို့၊ ကားပေါ်မှာတို့လိုနေရာမျိုးမှာ သင်္ကန်းဝတ် ကြီးတွေနဲ့ စာရွက်တွေနဲ့ လိုက်ဝေတာမျိုး၊ အရုဏ်ဆွမ်းကပ်ပေးဖို့ အလှူခံတာမျိုး၊ ဖိနပ်ပြတ်လို့ အလှူခံတာမျိုးတွေ တွေ့ရ တယ် ဘုရား။ အဲဒီကိစ္စတွေကရော . . ။

အဲဒါတွေလည်း ရှိတယ်။ ငါ တို့လည်း အမိန့်ထုတ်ထားတယ်။ အဲဒီလို အတုအယောင်ကိစ္စတွေ မြို့နယ်သံဃ နာယကကို အပြီးအပိုင် အပ်ထားတာပါ။ လူချွတ်ပြီးတော့ ၂ဝ/၉ဝနဲ့ ထောင်ချတယ်။ တချို့ အဲဒါမျိုးသင်္ကန်းဝတ်ပြီး တောင်းစား နေတဲ့ပုဂ္ဂိုလ်တွေ၊ တချို့ဆိုရင် ဆိုင်သွားပြီး တာ့ ဖိနပ်မရှိလို့ပါဆိုပြီး နောက်တစ်ဆိုင် လည်းသွားပြီး ဖိနပ်မရှိလို့ပါလို့ သွားပြီး ထပ်လုပ်တာတွေရှိတယ်။ အဲဒါတွေက အမှန် တော့ စာမေးကြည့်ရင် ဒေသနာကြားလဲ မရ၊ ပါရာဇိကလေးပါးလည်း မရ။ အတု တွေပေါ့။ ဒါတွေက သာသနာအတွက် ရင် လေးစရာပေါ့။ ဗုဒ္ဓဘာသာဆိုတာ သင်္ကန်း မြင်ရင် ကြည်ညိုတာပဲလေ။ တချို့ကျတော့ လည်း အုပ်စုလိုက်ရှိတယ်။ အဲဒါတွေက တော့ တော်တော်လုပ်ရဦးမယ်။ ဒါယကာ၊ ဒါယိကာမတွေအမြင်နဲ့ မသင့်တော်တဲ့ အပြင် သာသနာမှာလည်း တော်တော် အရုပ်ဆိုးတဲ့ကိစ္စတွေပေါ့။

အဲဒါတွေကျတော့ ပြည်သူတွေအနေနဲ့ ဘယ်လိုများ ပူးပေါင်းပါဝင်လို့ရလဲ ဘုရား။

ဒါတွေကတော့ ရဲရော၊ ရယက တွေရော အကုန်လုံး စာထုတ်ထားတာပဲ။ သာသနာကို တကယ်သန့်ရှင်းလိုတဲ့စိတ် ရှိလို့ရှိရင် စစ်၊ မစစ် အကြောင်းကြားလာ ရင် ဖမ်းလို့ရတယ်။ အရေးယူလို့ရတယ်။ အဲဒီလိုလူစွမ်းကောင်းတွေကတော့ မပေါ် ဖြစ်နေတယ်။ လမ်းမှာ သံဃာအတုတွေ နဲ့ပတ်သက်ပြီးတော့ တွေ့ရင် နီးစပ်ရာ သံဃနာယကကို အကြောင်းကြားရင် အရေးယူပါတယ်။

အရှင်ဘုရား သီလရှင်တွေကျတော့ရော ဘုရား။ မဟနလက်အောက်ကပဲ ရှိတာ လား ဘုရား။ မဟနရဲ့ စည်းမျဉ်းစည်း ကမ်းတွေအောက်ကပဲလား ဘုရား။

အကုန်လုံး မဟနလက်အောက် ကပါပဲ။ မဟနစည်းမျဉ်းစည်းကမ်းအောက် ကပါပဲ။ အခုတောင် စည်းမျဉ်းစည်းကမ်း တွေ အသစ်ထုတ်နေသေးတယ်။ နောက် ပြီး အဝတ်အရောင်က အစပေါ့။ အဲဒါကို ဝါတွင်းကာလရောက်ရင် စည်းမျဉ်းပြန် ရေးဆွဲနေတယ်။ အဝတ်အရောင်ကအစ ပြောင်းဖို့လုပ်နေတယ်။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့ အဖွဲ့အစည်းအားလုံးက သံဃာ့အဖွဲ့အ စည်းအောက်မှာပဲ ရှိရမယ်။ တစ်ဖွဲ့စည်း တည်းရှိရမယ်။ တကယ်လို့ တခြားအဖွဲ့ အစည်း ဖွဲ့မယ်ဆိုရင်လည်း ငါတို့ နိုင်ငံရေး အဖွဲ့၊ ပါတီအဖွဲ့ မဖြစ်စေရဘူး။ ဒါကြောင့် မို့ မြို့နယ်သံဃနာယကကိုလည်း စာထုတ် ထားတယ်။ ပါတီအဖွဲ့တွေထဲ မဝင်ရဆိုပြီး တော့လေ။ နိုင်ငံရေးပါတီအဖွဲ့တွေ မလုပ် နဲ့ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး က ဘုန်းကြီးတို့နဲ့ မဆိုင်ဘူးလေ။ ဘုန်း ကြီးဆိုတာ ပဋိယတ်၊ ပဋိပတ်ပဲလေ။ ဒါပဲ ရှိတယ်။ ဒီနှစ်ခုပဲ။ စာသင်ရင်သင်။ မသင် ရင် တရားအားထုတ်ပေါ့လေ။

အခုအစိုးရသစ်လက်ထက်မှာ တရားပွဲ တစ်ပွဲ ကျင်းပမယ်။ တရားဟောမယ်ဆိုရင် အဆင့်ဆင့်တင်ရတာပဲလား ဘုရား။

အဆင့်ဆင့်ပါပဲ။ တရားဟော မယ်ဆိုရင် မြို့နယ်သံဃနာယကကို အ ကြောင်းကြားရတယ်။ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားရတယ်။ တရားဟောမယ့် ဓမ္မကထိကသည် နိုင်ငံတော်က ထုတ်ပြန် ထားတဲ့ တရားဟောလို့ရတဲ့အချက်တွေ နဲ့ ညီပါတယ်။ နိဗ္ဗာန်ရောက်ကြောင်းပဲ ဟောရမယ်။ ဘောင်ကျော်ပြီး မဟောရ ဘူး။ နိုင်ငံရေးတရားတွေ မဟောရဘူး။ အဲဒီလိုစည်းကမ်းချက်တွေ ထုတ်ထားတာ ရှိတယ်။

ဓမ္မစကူးတို့၊ ယဉ်ကျေးလိမ္မာသင်တန်းတို့ ကရော မဟနက ခွင့်ပြုထားတာလား။ တင်ရသေးလား။

တင်ခွင့်ရှိပါတယ်။ မဟနဆရာ တော်တွေက အမြဲတမ်း ထုတ်ပြန်ပေးပါ တယ်။ ရှေးကတည်းက ထုတ်ပြန်ခဲ့တာ။ ဒါပေမဲ့ တွင်တွင်ကျယ်ကျယ်မလုပ်ခဲ့ဘူး။ ဆရာတော်ကြီးတွေက မူချပြီးတော့ ပညာ ရေးဌာနက ဆရာမတွေကို ချပေးလိုက် တယ်။ ဆရာ၊ ဆရာမတွေကလည်း လခ စားတွေဆိုတော့ စာအုပ်တို့၊ ခဲတံတို့ ဝယ် တာတွေ မလုပ်နိုင်တော့ ဒီလိုအရေးအခင်း တွေဖြစ်မှ ကိုယ့်ဘာသာကိုယ် လုပ်ရမှာ ဘာလားဆိုပြီးတော့ တွင်တွင်ကျယ်ကျယ် လုပ်လာတာဖြစ်တယ်။ ဒါကလည်း မျိုး စောင့်တို့၊ မဘသတို့ရဲ့ လုပ်ဆောင်ချက် တွေပေါ့။

တချို့သင်တန်းတွေမှာ ကလေးတွေအ တွက် အမုန်းစကားဖြစ်စေနိုင်တဲ့ သင်ကြား မှုတွေ တွေ့ရတာတွေရှိတယ်လို့ ပြန်ကြား ရတယ် ဘုရား။

သင်တန်းပို့ချတာကိုတော့ နိုင်ငံ တော်မှာ မူရှိတယ်။ ဘုရားရှစ်ခိုးတွေ၊ ဆွမ်း တော်ကပ်၊ ပန်းတော်ကပ်တွေ၊ လောက နီတိတွေ ဒါတွေပါပဲ။ တစ်ဖက်အစွန်း ရောက်တဲ့ဟာတွေတော့ မပါဘူး။

သာသနာတော်ကြီး ရေရှည်တည်တံ့ဖို့အ တွက် ဘာတွေလိုအပ်တယ်ဆိုတာ ဆရာ တော်အနေနဲ့ ပြည်သူတွေကို ဘာများ မိန့်ကြားချီးမြှင့်ပေးပါ ဘုရား။

သာသနာတည်တံ့ပြန့်ပွားဖို့က မင်းရယ်၊ သံဃာရယ်၊ လူထုရယ် ညီညွတ် ရင် ပြန့်ပွားမယ်။ အနော်ရထာမင်းပဲကြည့် ကြည့် သာသနာကို ထွန်းတောက်စေခဲ့ တာ။ မင်းကလည်း အားမပေးဘူးဆိုရင် သာသနာတည်တံ့မှာမဟုတ်ဘူး။ ပြည်သူ က မင်းကိုပဲ လိုက်ကြည့်နေရတာကို။ မင်း သာသနာကြည်ညိုရင် သာသနာသန့်ရှင်း ပြန့်ပွားမယ်။ ကမ္ဘာနဲ့စာရင် ဦးဇင်းတို့က ဇီးရွက်လောက်ပဲရှိတော့တာ။ မင်းက အလွန်အရေးပါတာပေါ့။ သံဃာဆိုတာ ကလည်း မင်းမှီရတာပဲ။ ပြည်သူဆိုတာ လည်း မင်းမှီရတာပဲ။

#FlowerNewsJournal 12-28 Ò
YMG
Powered by Blogger.