အိန္ဒိယ အရှေ့ပိုင်းတွင် မော်ဝါဒီသူပုန်များက ချုံခိုတိုက်ခိုက်၊ ရဲ ၁ဝ ဦးကျဆုံး




နယူးဒေလီ၊ ဇူလိုင် ၁၉

အိန္ဒိယအရှေ့ပိုင်းတွင် ပြည်သူ့ စစ်ကွန်မန်ဒိုများစီးနင်းလာသော ယာဉ်တန်းအား မော်ဝါဒီသူပုန်များ ၏ချုံခိုတိုက်ခိုက်မှုကြောင့် ၁ဝ ဦး ကျဆုံးခဲ့ရသည်ဟု ရဲအဖွဲ့က ဇူလိုင် ၁၉ ရက်က ပြောဆိုလိုက်သည်။ ယင်းသည် ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအ သေအပျောက်အများဆုံးတိုက်ခိုက် မှုဖြစ်သည်။

ဘီဟာပြည်နယ်အတွင်း အူရန်ဂါဘက်တောအုတ်အတွင်း သူပုန်စစ်ဆင်ရေးသင်တန်းဆင်းရန်သွား ရောက်သော ယာဉ်တန်းသည် နင်းမိုင်းတစ်လုံးတက်နင်းမိကာ ပေါက်ကွဲထိမှန်ခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့များက ပြန် လှန်ပစ်ခတ်ခဲ့၍ အနည်းဆုံးသူပုန် သုံးဦးသေဆုံးခဲ့ရသည်ဟု ရဲအဖွဲ့က ပြောဆိုလိုက်သည်။ မိုင်းပေါက်ကွဲမှုကြောင့် ၁ဝ ဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့သည်ဟု အမည်ဖော်ပြမထားသော အထက်တန်းရဲအရာ ရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောဆိုလိုက်သည်။ ဒေသတွင်းတိုက်ခိုက်မှုများအား မော်ဝါဒီသူပုန်များက ပြုလုပ် လေ့ရှိပြီး ယင်းတို့၏ အကြမ်းဖက်တိုက် ခိုက်မှုလုပ်ရပ်ကြောင့် ဒေသတွင်း လူ ထောင်ပေါင်း များစွာ သေဆုံးခဲ့ကြရ သည်။

Ref : AFP

democracytoday
Powered by Blogger.