(သရော်စာ) ရတနာဘူမိကျောင်းတိုက်ဆရာတော် အရှင်ပညာသာအေး ၏အိပ်မက်အရ ဓမ္မစေတီခေါင်းလောင်းကြီးကို မြန်မာနိုင်ငံရှိ မြစ်ကြီး၅သွယ် မြစ်ငယ်၅၀၀ မွှေနှောက်ရှာဖွေသွားမည်ဟု မိန့်ကြား
***********************************
ဂျူလိုင်၂၀
ဓမ္မစေတီခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး ဖြစ်ပြီး ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့ သွန်းလုပ် လှူဒါန်းခဲ့သည်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းကြီးများအနက် ပထမဦးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။
၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာမှ ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှ အဓမ္မယူငင်သွားပြီးနောက် ဖောင်ဖြင့် သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြို့နှင့် သံလျှင်မြို့အကြား မြစ်သုံးခုဆုံရာ နေရာတွင် နစ်မြုပ်သွားခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူရန်
ခေတ်အဆက်ဆက်က ကြိုးပမ်းလာခဲ့သော်လည်း
ခေါင်းလောင်းကြီးကို စောက်ရှောက်နေသော
နဂါးများက ခွင့်မပြု၍အောင်မြင်စွာ ဆယ်ယူနိုင်ခြင်း
မရှိခဲ့ကြပေ။ ယခုအခါ နှစ်ပေါင်းများစွာ
ထိန်းသိမ်းစောင့်ရှောက်လာသော နဂါးများက
ရတနာဘူမိကျောင်းတိုက်ဆရာတော်ထံသို့
Google earth အချက်အလက်နှင့်တကွ
နေရာအတိအကျကို အိပ်မက်ပေးခဲ့သဖြင့်
ဆရာတော်အရှင်ပညာသာအေး က လာမည့်အပတ်၌
စတင်ဆယ်ယူတော့မည်ဖြစ်ကြောင်း
မိန့်ကြားခဲ့ပါသည်။
ဆရာတော်အရှင်ပညာသာအေးထံသို့
သတင်းထောက်များက ဆက်သွယ်မေးမြန်းရာ
ဦးဇင်းကို အာဇာနည်နေ့က အိပ်မက်လာပေးတယ်
နဂါးရှစ်သောင်းနဲ့ဆွေတော်မျိုးတော်တွေက
တကောင်ပြီးတကောင် အိပ်မက်လာပေးတော့
အာဇာနည်အခမ်းအနားတောင် မတက်ဖြစ်ခဲ့ရပါဘူး
ညနေ၅နာရီထိုးတော့မှ အိပ်ယာကနိုးလာတော့
လက်ထဲမှာ iphone 6plus နဲ့ ခေါင်းလောင်းရှိတဲ့နေရာ
location တွေပြနေတာ အံ့သြသင့်ဖွယ် တွေ့ရပါတယ်
ဦးဇင်းအရင်ကိုင်တဲ့ဖုန်းက Coolpadပါ
နဂါးတွေပေးသွားတာ သေချာပေါက်ပြောလို့ရပါတယ်
ဒါနဲ့ပဲ သေချာစဉ်းစားကြည့်လိုက်တော့
နဂါးတွေမှာသွားတာ သတိရမိတယ်
မူလက ခေါင်းလောင်းကြီးကတခုတည်းပါ
အခုတော့ ရေတိုက်စားပြီး ခေါင်းလောင်းတွေက
ဟိုနေရာ တလုံးရောက်သွား
ဒီနေရာ တလုံးရောက်သွားနဲ့
မြန်မာပြည့်အနှံ့ ခေါင်းလောင်းအသေးတွေဖြစ်ပြီး
ဘုရား လည်ဖူးနေရတယ်လို့ နဂါးဂိုဏ်ချုပ်က
ပြောသွားတယ် အရင်က နဂါးတွေတနေရာတည်းစုပြီး
ခေါင်းလောင်းကို စောင့်ရှောက်ပေမယ့်
အခုအခါ နဂါးတွေ နေရာတကွဲစီရောက်ပြီး
ခေါင်းလောင်းရှိတဲ့နေရာ စောင့်ရှောက်ဖို့ပါသွားတော့
တချို့နဂါးတွေဆို မိတကွဲ ဖတကွဲဖြစ်ကုန်တယ်
ကချင်ပြည်နယ်ရောက်တဲ့ခေါင်းလောင်းစောင့်နဂါးဆိုရင်
နံပါတ်ဖိုးတောင် စွဲနေပါပြီ
ရခိုင်ပြည်နယ်ရောက်တဲ့ခေါင်းလောင်းစောင့်နဂါးဆိုရင်
ဘင်္ဂလီစကားတွေပြောတတ်ပြီး မြန်မာစကားတောင်
မတတ်တော့ပါဘူး ဒါတွေက အမျိုးသားရေးအတွက်
စိတ်မအေးရတော့ဘူး
မန္တလေး ဂေါဝိန်ဆိပ် ရောက်နေတဲ့နဂါးဆိုလဲ
တရုတ်လိုပဲ ပြောတတ်တော့တယ်
ဒီအတိုင်းသာ ဆက်သွားနေရင်
နဂါးတွေလဲ ဇာတ်တွေပျက်ပြီး
မြေမြိုလို့ နဂါးမျိုးမပျောက်
ခေါင်းလောင်းစောင့်လို့ နဂါးမျိုးတွေပျောက်ကုန်မှာ
စိုးရိမ်တဲ့အတွက် ဦးဇင်းက မြန်မာပြည်အနှံ့ရောက်တဲ့
ခေါင်းလောင်းတွေကို ပြန်ဆယ်ပြီး မူလနေရာဖြစ်တဲ့
ရွှေတိဂုံစေတီမှာ တလုံးပြီးတလုံး သွားထားပေးဖို့
အိပ်မက်လာပေးတဲ့အတွက် အခုလို
ဆုံးဖြတ်လိုက်ရတာပါဟု မိန့်ကြားခဲ့ပါသည်။
ထိုနောက် သတင်းလာယူသော
သတင်းသမားများအား ခေါင်းလောင်းကြီးဆယ်ယူရန်
ဆရာတော်အရှင်ပညာသာအေးမှ အလှူငွေများ
တောင်းယူသွားကြောင်း သတင်းရရှိပါသည်။
Sae Journal Media Group