လူရွှင်တော်အဖြစ် မြင်ရဦးမယ့် မေမြင့်မိုရ်
အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်မယ့် ပွဲမှာ လူရွှင်တော် အဖြစ် တွေ့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အိချောပို၊ ခင်ဝင့်ဝါ၊ နန်းသူဇာတို့ နဲ့ အတူ လူရွှင်တော် လုပ်ဖူးတဲ့ မေမြင့်မိုရ်ကတော့ သူမကို လူရွှင်တော် တစ်ယောက် အဖြစ် ထပ်တွေ့ရဦးမှာပါလို့ ဆိုပါတယ်။
ဇူလိုင်လ(၃၀)ရက်နေ့၊ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်မယ့် ပွဲမှာ သူမတို့ လေးယောက်စလုံး ပါဝင်ကပြဖို့ ရှိတယ်လို့ သိရပါတယ်။
ဒုတိယအကြိမ် လူရွှင်တော် လုပ်ရမှာ ဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်သလို ပရိသတ်တွေနဲ့ တိုက်ရိုက်တွေ့ရမှာ ဖြစ်တဲ့အတွက် ပျော်ဖို့လည်း ကောင်းပါတယ်လို့ သူမက ဆိုပါတယ်။
source : 8days Journal
credit: Duwun