မိုးနဲမြို့ မှ ၉တန်းကျောင်းသူလေး တယောက် အသက်ခံရခြင်း
======================
ဇူလိုင် ၁၄-၂၀၁၆
အထက ကျောင်းမှ နဝမတန်း(ခ) ကျောင်းသူလေး အဖြူ၊
အစိမ်းလေး နဲ့  လူမဆန်စွာ ရက်ရက်စက်စက် ဓားဖြင့်ခုတ်
သွားတဲ့အဖြစ်အပျက် တခါမှ မကြားဖူး မကြုံဖူးတဲ့ လုပ်ရပ်ပါ
ဉယျဉ်ရပ် ၊သစ်တောဦးစီးဌာနရုံးရှေ့  (၁၂)နာရီခွဲ အချိန် ကျောင်း
သူလေး မနန်းဖွေလောဝ် (၁၄)နှစ် (ဘ) စိုင်းရီထွန်း လွိုင်မြေ
ရပ်ကွက်နေ သူ အား စိုင်းခေးဆိုင် (၁၆)နှစ် (ဘ) လုံးစိုင်း
လွိုင်မြေရပ်ကွက် နေသူမှ အသွား(၁၁)လက္မ၊အရိုး(၁၅)လက္မ
ရှိ ဓါးဦးချွန်ဖြင့် ခုတ်ပြီး ထွက်ပြေးပြီ ရက်စက်ပါပေ့ဗျာ ဘယ်လို
ရန်ငြိုးများရှိပါလိမ့်။
မနန်းဖွေးလောဝ်မှာဖြင့် ယာဘက်ဂျိုဆောင်းပြတ်ရှဒဏ်ရာ(၁)
ချက်၊ ဦးခေါင်းနဖူးစပ်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲဘက်ပေါင် ထိုး
သွင်းဒဏ်ရာ (၂)ချက်၊ယာဘက်လက်ကောက်ဝတ် ပြတ်ရှဒဏ်
ရာ(၁)ချက် ရရှိသောဒဏ်ရာတွေနဲ့ ပဲ မိုးနဲမြို့ ဆေးရုံမှာ နေ့ 
လည် (၂)နာရီ (၂၀)မိနစ် အချိန် မလှမပ သေဆုံးသွားပြီပေါ့
ဆိုင်ရာတွေ အလုပ်ရှုပ်ရပြီ မိုးနဲ မြို့ မ စခန်းမှ တိုင်တန်းချက်
ဖွင့်လာတော့ (ပ) ၁၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ -၃၀၂ ဖြင့်
အမှုဖွင့်ဆောင်ရွက်ထားပြီ မောင်စိုင်းခေးဆိုင် ထွက်ပြေးနေဆဲ
ရဲတပ်ဖွဲ့ ဝင်တွေလည်း ဖမ်းဆီးနိုင်ရေး ပိတ်ဆို့ ရှာဖွေရပြီ
မိဘတွေလည်း ပူပင်သောကတွေနဲ့  ကြားရသူတွေလည်းစိတ်
မကောင်းကြီးစွာနဲ့  ရက်စက်လွန်းသူတယောက်ကြောင့် သြော်
အကြွေစောတဲ့ပန်းလေးတပွင့် ရယ် ကောင်းရာဘုံဘဝရောက်ရှိ
ပါစေ ------
#SueSue