ကျုံးဘေး လုယက်သူ ၂ ဦး ဖမ်းဆီးရမိ
****************************************
၂၅.၇.၂၀၁၆ရက်နေ့ နေ့လည်၁နာရီခန့်က နမစ ၄ မှ
နယ်ထိန်း ဒုရဲအုပ်မျိုးမင်းနိင်နှင့်အဖွဲ့ နယ်မြေအတွင်း
ကင်းလှည့်နေစဉ် ၁၂×၈၀ လမ်းဆုံရောက်ရှိ နေခိုက်
၁၃×၈၀ ကျုံးဘေးမှ လူအချို့ ရှေ့မှပြေးလွှားနေသူ ၂ဦး နောက် ပြေးလိုက်သွားသည်ကို တွေ့ရှိသဖြင့် လိုက်ပါသွားရာ ၁၄လမ်း ၈၂×၈၃ကြား အရောက် ရှေ့မှ ပြေးသွားသူ၂ဦး အား ရပ်ကွက်နေ ပြည်သူများမှ ဝိုင်းဝန်း ဖမ်းဆီထားသည်ကိုတွေ့ရှိ ရ၍ စစ်ဆေးရာ
၎င်းတို့ထံမှ လေးဂွတစ်လက် ကျောက်ခဲလုံး ခဲတံချွန်ဓါး တို့နှင့် လက်ကိုင်ဖုံးတို့အား လွယ်အိတ်နှင့် ထည့်လျှက် တွေ့ရှိရပြီး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်နေ သူရထွန်းနှင့် စန်းယုတို့ဖြစ်ပြီး လက်ကိုင်ဖုန်းမှာ ပြည်လုံးချမ်းသာ အကွက် ၅၈ နေ မြတ်သူရကျော် ဖုန်းဖြစ်ကာ ၁၃×၈၀ကျုံးဘေး လမ်းလျှောက်နေစဉ် အဆိုပါ၂ဦးမှ လုယူ ထွက်ပြေးသွားခြင်း ဖြစ်သဖြင့်
ဖမ်းဆီး ခေါ်ဆောင်ကာ အမှုဖွင့်အရေးယူလျှက်ရှိပြီး
ယခင်ကျူးလွန်ခဲ့သည့် အမှုများ ဖေါ်ထုတ်လျှက်ရှိ။
အမှတ် ၄ နယ်မြေရဲစခန်း