ကန်ကြီးထောင့်မြို့နယ်တရားရုံးက ဦးနေမျိုးဝေကို အပြစ်မရှိဟု အမိန့်ချ



နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အသရေပျက်စေသော ဓာတ်ပုံများ နှင့်ပြည်ထောင်စုပြိုကွဲရန်လှုံ့ဆော်ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် အမှု့ဖွင့် အရေးယူခံထားရသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေအား ယနေ့ (ဇူလိုင်၁၅ရက်)တွင် ကန်ကြီးထောင့်မြို့နယ်တရားရုံးက အပြစ်မရှိဟုဆိုကာ စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ဦးနေမျိုးဝေအား အရေးယူပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆ ရာမများအဖွဲ့ချုပ်မှ ဆရာဦးဝေယံအောင်က ကန်ကြီးထောင့်မြို့၊ မြို့မရဲစခန်း၌ မေလ ၂ ရက်က အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဦးနေမျိုးဝေကို ကန်ကြီးထောင့်ရဲတပ်ဖွဲ့က မေလ၄ရက်တွင် ဖမ်းဆီးပြီး ရုံးထုတ်စစ်ဆေးနေရာမှ ယနေ့ (ဇူလိုင် ၁၅ရက်)တွင် တရားသူကြီးက အပြစ်မရှိဟုဆိုကာ စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့အမျိုးသားရေးကွန်ရက်ဥက္ကဌ ဦးဝင်းကိုကိုလတ်က ပြောသည်။

7Day News Journal 
Powered by Blogger.