အမေရိကန် လေကြောင်းပစ်ခတ်မှုအတွင်း အိုင်အက်စ် စစ်ရေးဝန်ကြီး သေဆုံးခဲ့ဟု အတည်ပြု
***************************************
အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ စစ်ရေးဝန်ကြီး ရှီရှနီဟာ ပြီးခဲ့တဲ့မတ်လက အမေရိကန် လေကြောင်းပစ်ခတ်မှုအတွင်း သေဆုံးသွားပြီလို့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ဇူလိုင် ၁၃ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။
အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ သတင်းတွေကို ဖော်ပြတဲ့ သတင်းဌာနတခုက အတည်ပြုခဲ့ပြီး ပြီးခဲ့တဲ့မတ်လက အီရတ်နိုင်ငံမြောက်ပိုင်း မိုဆူးလ်မြို့တောင်ဘက်မှာ တိုက်ပွဲအတွင်း သေဆုံးခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရှီရှနီဟာ ဆီးရီးယား အရှေ့မြောက်ပိုင်း လေကြောင်းပစ်ခတ်မှုတခုမှာ ရတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ မတ်လကတည်းက ထုတ်ပြန်ခဲ့ပါတယ်။
ရှီရှနီဟာ ချေချင်းညာ ဒေသခံတဦးဖြစ်ပြီး အိုင်အက်စ် အကြမ်းဖက်ခေါင်းဆောင်ကြီး အဘူဘရ်ကာ အယ်လ် ဘတ်ဂါဒီ (Abu Bakr al-Baghdadi) ရဲ့ စစ်ရေးအကြံပေးနဲ့ တခြား ထိပ်တန်းတာဝန်တွေ ယူခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရှီရှနီကို ဖမ်းဆီးနိုင်ရေး အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅ သန်း ဆုငွေထုတ်ခဲ့ပါသေးတယ်။
DVB
အိုင်အက်စ် စစ်ရေးဝန်ကြီး ရှီရှနီ။ (ဓာတ်ပုံ - အေပီ)