တစ်ရွာတည်းနေသူ အမျိုးသားက ညအချိန်ခြင်ထောင်တွင်း ၀င်ရောက်၍  သားမယားပြုကျင့် ကြိမ်းမောင်းခဲ့ဟုလို့ဆို



တွံတေးမြို့နယ်တွင် တစ်ရွာတည်းနေသူ အမျိုးသားက ညအချိန်ခြင်ထောင်တွင်း ၀င်ရောက်၍ 
သားမယားပြုကျင့် ကြိမ်းမောင်းခဲ့မှုကို သက်ဆိုင်ရာက ဇူလိုင်လ ၂၆ ရက်နေ့တွင်
အမှုဖွင့်စစ်ဆေးခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် တွံတေးမြို့ နယ်နေ အသက် ၅၈ နှစ်အရွယ် အမျိုးသားကြီး
နေအိမ်တွင် ရှိနေစဉ် တူမဖြစ်သူရောက်လာပြီး ၎င်းင်း၏ မိခင်ခေါ်ခိုင်းကြောင်းပြောသဖြင့် 
လိုက်သွားခဲ့သည်။

ညီမဖြစ်သူနေအိမ်အရောက် "နင့်သမီးမှာ ကိုယ်ဝန်ရှိနေပြီ" ဟု ညီမဖြစ်သူကပြော၍ နေအိမ်သို့
ပြန်လာခဲ့ပြီး အသက် ၁၈ နှစ် အရွယ်သမီးဖြစ်သူကို မေးမြန်းခဲ့သည်။

လွန်ခဲ့သော ၃ လခန့်က နေအိမ်တွင် တစ်ဦးတည်းအိပ်နေစဉ် လူတစ်ဦးခြင်ထောင်အတွင်း ၀င်လာပြီး 
ဝတ်ထားသည့် အ၀တ်များဆွဲလှန်စဉ် လန့်နိုးသွားခဲ့ကြောင်း၊ ထွန်းထားသည့် ဘထရီရောင်ဖြင့်
ကြည့်မိရာ ရေကျော်ရွာအုပ်စုနေ စိုးဟိန်း ၃၂ နှစ်ဖြစ်ကြောင်း သိရသည်။

၎င်းက သားမယား အဖြစ်ပြုကျင့်ပြီးနောက် ပြန်ပြောလျှင် သတ်ပစ်မည်ဟု ကြိမ်းမောင်းခဲ့သောကြောင့်
မပြောရဲခဲ့ခြင်းဖြစ်ကြောင်း သမီးဖြစ်သူ၏ ပြောပြချက်အရသိ၍ အရေးယူပေးရန် တိုင်ကြားခဲ့သည်။

တွံတေးမြို့မရဲစခန်းက(ပ)၃၉၇/၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။

Ref: http://myanmar.mmtimes.com

Powered by Blogger.