ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရပ်တန့်ထားခဲ့သည့် မော်တော်ယာဉ်နှင့် ပတ်သက်၍ ပိုင်ရှင်ဖြစ်သူမှ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေး ဖော်ပြခြင်း


ရန်ကုန်၊ ဇူလိုင် ၂၄

၂၃.၇.၂၀၁၆ ရက်နေ့ ၂၀၁၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ
ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်
ရွက်နေစဉ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ 
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၈)ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းမဘေး
တွင် AA-9251 Caldina အဖြူရောင် အငှားယာဉ်တစ်စီးရပ်တန့်ထား
ကြောင်းကို ဖုန်းဖြင့်အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ၎င်းနေရာ၌ အဆိုပါယာဉ်ရပ်တန့်ထားသည့်မှာ (၂)ရက်
ခန့်ရှိပြီဖြစ်ကြောင်း၊ ၎င်းယာဉ်နှင့်ပတ်သက်၍ (၆၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးက
စောင့်ကြည့်လျက်ရှိပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက
လည်း ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားများရရှိနိုင်ရေး ယာဉ်ထိန်း
ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းထားကြောင်းနှင့် အခြားရဲစခန်းများမှ ပေးပို့
ထားသော မော်တော်ယာဉ်ပျောက်မှတ်တမ်းများနှင့်လည်း တိုက်ဆိုင်စစ်ဆေး
လျက်ရှိပါသည်။

အဆိုပါယာဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှပိုင်ရှင်ဖြစ်သူအား စုံစမ်းဆောင်ရွက်
လျက်ရှိကြောင်းနှင့် ပိုင်ရှင် ဖြစ်သူအနေဖြင့်လည်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ
ရဲစခန်းသို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်-

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၀၁-၅၉၃၄၇၂
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း ၀၁-၅၉၃၀၀၇

Ref: Yangon Police
https://m.facebook.com/story.php?story_fbid=888434067952528&id=326712354124705
Powered by Blogger.