အဆိပ်ပြင်း မြွေကြီးနဲ့ ဖက်လှဲတကင်း ရင်းနှီးတဲ့ ကလေးငယ်
ဖနွမ်းပင်
ကမ္ဘောဒီးယားနိုင်ငံက အူရန်ဆမ်ဘတ်ဆိုတဲ့ ယောက်ျား လေးတစ်ဦးဟာ စပါးအုံးမြွေကြီး တစ်ကောင်ရဲ့ အရင်းနှီးဆုံးမိတ် ဆွေဖြစ်တယ်ဆိုတာဟာ လူတိုင်းကို အံ့သြမှင်တက်စေခဲ့ပါတယ်။
အဲဒီစပါးအုံးမြွေကြီးဟာ အလျား ၁၆ ပေရှိပြီး အလေးချိန် ပေါင် ၂၂ဝ ရှိတဲ့ မြွေကြီးတစ်ကောင် ဖြစ်ပါတယ်။ ခွမ်ရမ်လို့ အမည်ပေးထားတဲ့ စပါးအုံးမြွေကြီးဟာ ဆမ်ဘတ် သုံးလအရွယ် က တည်းက သူတို့မိသားစုအိမ်ကို ရောက်ရှိလာခဲ့ တာဖြစ်ပါတယ်။ ခွမ်ရမ်ဟာ ရက်သတ္တ တစ်ပတ်ကို ကြက်သား ၂၂ ပေါင် စားသုံးတဲ့အတွက် ဆမ်ဘတ်တို့ မိသားစုအတွက် အသုံးစရိတ်ငွေ ထိခိုက်လာပါတယ်။ ဒါကြောင့် ခွမ်ရမ်ကို တောရိုင်းတိရစ္ဆာန်များ ကယ်ဆယ်စောင့်ရှောက်ရေးဌာနကို ပို့ဆောင်ခဲ့ပါတယ်။ ဆမ်ဘတ်က တော့ သူ့မိတ်ဆွေကြီး ခွမ်ရမ်ရှိရာကို မကြာခဏဆို သလို သွားရောက် လည်ပတ်ပြီး တရင်းတနှီးနေလေ့ ရှိပါတယ်။
Ref: Oddee
#theflowernews
YMG