မအင်္ဂါကိုကတ်ကြေးနဲ့လှီးတဲ့အပြင် ကိုယ်ဝန်ပျက်အောင်ရိုက်နှက်တဲ့ယောက်ျား


    

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း၊ Takhar ပြည်နယ်၊ Ashkamish အတွင်းက ရွာလေးတစ်ရွာမှာ လင်ယောက်ျားဖြစ်သူက ဇနီးဖြစ်သူကို ကြိုးတုပ်ပြီး လိင်င်္ဂါကို ကတ်ကြေးနဲ့လှီးဖြတ်၊ 6 လအရွယ်ကိုရောက်နေပြီဖြစ်တဲ့ ကိုယ်ဝန်ကိုလည်း သစ်သားတုတ်နဲ့ ပျက်ကျအောင် ရိုက်နှက်ခဲ့ပါတယ်။ ဇနီးသည်ဟာ အသက်(၂၀) ၀န်းကျင်သာ ရှိသေးပြီး ဒဏ်ရာဒဏ်ချက်တွေနဲ့ သေလုမြောပါးဝေဒနာကို ခံစားနေရပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် အာဖဂန်အမျိုးသမီးများ
အခုချိန်မှာ ဆေးရုံမှာကုသမှုခံယူနေတဲ့ သူမကို BBC က သွားရောက်တွေ့ဆုံ မေးမြန်းရာမှာ သူမက ဖြစ်ကြောင်းကုန်
စင်ကို ပြန်လည် ပြောပြပါတယ်။ သူမရဲ့ ယောက္ခမနဲ့ ယောင်းမကလည်း ဒီမှုခင်းမှာ ပါဝင်ခဲ့ပြီး သူမကို အတင်းချုပ်ကာ
ကြိုးနှဲ့ဝိုင်းဝန်းချည်နှောင်ခဲ့ကြပါတယ်။ အဲဒီနောက် လင်ဖြစ်သူက သူမကို သစ်သားတုတ်နဲ့ အားကုန်ရိုက်နှက်၊ သူမရဲ့
လိင်္ဂါကိုလည်း ကတ်ကြေးနဲ့ လှီးဖြတ်ခဲ့ပြီး ဆံပင်တွေကိုလည်း လှီးဖြတ်ခဲ့ပါတယ်။

 
အရှင်လတ်လတ် မြေမြှုပ်အပြစ်ပေးခံနေရသည့် အာဖဂန်အမျိုးသမီးနှင့် သူမ၏မိခင်
သူမဟာ အခုချိန်မှာ Kunduz ဆေးရုံမှာ တက်ရောက်ကုသနေပြီး အကြောင်းပြချက်မရှိဘဲ ရိုက်နှက်ခံခဲ့ရတဲ့အပြင် အ
ပြစ်မယ့် ရင်သွေးငယ်ဆုံးပါးခဲ့ရလို့ အလွန်ဝမ်းနည်းနေပါတယ်။ သူမရဲ့ အစ်ကိုအရင်းဖြစ်သူနဲ့ အဒေါ်ဖြစ်သူကလည်း လိအင်္ဂါဖြတ်တောက်ခံရတာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပါတယ်။

READ
ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ခွေးလေးSweepee Rambo

လင်ယောက်ျားမှ အကြောင်းမဲ့နှာခေါင်းကို လှီးဖြတ်ခံခဲ့ရသည့် အမျိုးသမီး
အမျိုးသမီးအခွင့်အရေးကို လှုပ်ရှားနေတဲ့ Takhar’s Women’s Affairs Department Ramz Ara ရုံးချုပ်ကလည်း ဒီကိစ္စကို ပြင်းထန်စွာရှုံ့ချလိုက်ပြီး အာဖဂန်အစိုးရကို တရားမျှတမှုအတွက် တောင်းဆိုလိုက်ပါတယ်။ Takhar ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူ Abdul Khalil Aseer က ” ခင်ပွန်းရဲ့နာမည်ကတော့ Sarbaland ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေပါ
တယ် … ပါဝင်ပတ်သက်ခဲ့တဲ့ ယောက်္ခမနဲ့ ယောင်းမကိုလည်း ဖမ်းဆီးပြီး ကာဘူးမြို့ကို ပို့ထားပါတယ် … ” လို့ ပြောခဲ့
ပါတယ်။

ဒါပေမယ့် အတည်မပြုနိုင်သေးတဲ့ သတင်းအရ အရိုက်အနှက်ခံရတဲ့ ဇနီးသည်ကို ခင်ပွန်းဖြစ်သူရဲ့မိသားစုဝင်တစ်
ယောက်က အမှုကိစ္စကို လူသိရှင်ကြားဖြစ်စေလို့ဆိုတဲ့ မကျေနပ်ချက်နဲ့ သေနက်နဲ့ပစ်ခက်ခဲ့လို့ ကံဆိုးသူဇနီးသည်ဟာ
သေဆုံးခဲတယ်လို့လည်း ကြားသိရပါတယ်။ ဒီသေဆုံးမှုဟာ အခင်းဖြစ်လို့ (၂၄)နာရီအကြာမှာ ဖြစ်ပျက်ခဲ့တာလို့လည်း
သိရပါတယ်။ သို့သော် တစ်ခြားနာမည်ကြီး သတင်းစာတွေမှာတော့ ဒီသတင်းကို အတည်ပြုထားခြင်း မရှိပါဘူး။

နတ်စည်တော် (Shwemom)

source : metro.co.uk
Powered by Blogger.