ရန်ကုန်- မန္တလေး အမြန်ရထားလမ်း၌ ကုန်တင်ရထားတစ်စင်း  တွဲချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့


( ရန်ကုန် - ဇူလိုင် ၁၉ ။ အေ၀ိုင်အီး ) 
ရန်ကုန်- မန္တလေး အမြန်ရထားလမ်းပေါ်တွင် ဇူလိုင် ၁၇ ရက်က 
ကုန်တင်ရထားတစ်စင်း တွဲချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အမြန်ရထားလိုင်းကို ခေတ္တပိတ်ခဲ့ရကြောင်း သတင်းရရှိသည်။ ဇူလိုင် ၁၇ ရက်တွင် ရန်ကုန် ဘက်သို့ မောင်းနှင်လာသော ကုန်တင်ရထားမှာ ပဲခူးနှင့် လှည်းကူးမြို့ အကြား ထုံးဘို ဘူတာမရောက်ခင်တွင် တွဲဆိုင်း ၇ ဆိုင်း
ချော်သွားခဲ့ခြင်းဖြစ်ပြီး အမြန်ရထားလမ်းတစ်လျှောက် ခုတ်မောင်းမည့် ရထားအချိန် စာရင်းများကို အမြန်ဆုံးအပြောင်းအလဲ လုပ်၍ တွဲချော်မှုကို လိုအပ် သော ပြင်ဆင် မတင်ခြင်းများလုပ်ခဲ့ရကြောင်း သိရသည်။
 " လူတွေတော့ ထိခိုက်ဒဏ်ရာမရပါဘူး၊ တွဲဆိုင်းတွေကို ရှင်းလိုက်တာ ညပိုင်းမှာတော့ တစ်ခြမ်း ပြန်ဖွင့်ပေးလိုက်တယ်။ ဇူလိုင် ၁၈ ရက်နေ့ လည် 
၁၁ နာရီလောက်မှာတော့ အားလုံးပြန်ဖွင့်ပေးလိုက်ပါပြီ " ဟု မြန်မာ့မီးရထား ရန်ကုန် တိုင်းဒေသကြီး သွားလာရေ မန်နေဂျာ ဦးကျော်စိုးလင်းက ပြောသည်။ တွဲဆိုင်း ၃၀ ကျော်ပါဝင်သော အဆိုပါ ကုန်တင်ရထား တိမ်းမှောက်မှုကို
မြန်မာ့မီးရထားပိုင် ကရိန်းများဖြင့် သွားရောက်မတင် ပြင်ဆင်တည့်မတ်
ပေးခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်ညနေပိုင်းမှ စ၍ အမြန်ရထားအားလုံး
ဘေးကင်းစွာ မောင်းနှင်နိုင်ပြီဖြစ်ကြောင်း၊ ရထားတွဲဆိုင်ချော်မှုဖြစ်စဉ်ကို စစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ 

ဓါတ်ပုံ - ဘုရင့်နောင် ။
Powered by Blogger.