အရက်ကြောင်နေသောအမျိုးသားက မိသားစုကို ဓားဖြင့်ခုတ်၊ဇနီးသေဆုံး ပြီး နှစ်ဦးဒဏ်ရာရ


=================================

ဟင်္သာတမြို့ မြ၀တီ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက်(၄၇)နှစ်အရွယ် အမျိုးသားတစ်ဦး အရက်ကြောင် ကြောင်ကာ မိသားစုဝင်များကို ဓားဖြင့် လိုက်ခုတ်သဖြင့် ၎င်း၏ ဇနီးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိ သည်။

ဟင်္သာတမြို့ မြ၀တီရပ် ကွက် သီရိ(၁)လမ်းနေ အသက် (၄၇)နှစ်အရွယ် ၀င်းနိုင်သည် ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က အရက်ကြောင်ကြောင် ကာ မိသားစုဝင်များကို ဓားဖြင့် လိုက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတမြို့မ ရဲစခန်း မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

‘‘တရားခံတော့ မိထားပြီးပါ ပြီ။ သူက အရက်ကြောင်ကြောင် နေတော့ တော်တော် ဖမ်း ယူရ တယ်။ ကြောင်နေတော့ ဓားက မချဘူးလေ’’ဟု၎င်းကဆိုသည်။

၎င်းသည် အသက်(၄၇)နှစ်အရွယ် ဇနီးသည် ဒေါ်သင်းသင်းမာကို ဓားဖြင့် ခုတ်နေ၍ အိမ်နီးနားချင်း အမျိုးသမီးတစ်ဦးက ၀င်ရောက်ဆွဲရာမှ အဆိုပါ အမျိုး သမီးပါ ဓားဒဏ်ရာများ ရရှိခဲ့သ ဖြင့် ဆေးရုံသို့တင်ပို့ကုသထားရ ကြောင်း ဟင်္သာတမြို့မရဲစခန်းမှ သိရသည်။

‘‘ဒဏ်ရာရတာတော့ တစ် ယောက်တည်းပါ။ အိမ်နီးနားချင်း အမျိုးသမီးက၀င် ဆွဲတော့ သူပါ ခုတ်ခံရတာ။ဓားက မြက်ခုတ်ဓားအရှည်နဲ့ခုတ်တာ’’ဟု ဟင်္သာတ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

၎င်း၏ဇနီးတွင် လည်ကုပ်၌ ၆ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိကာ သေ ဆုံးခဲ့ခြင်းဖြစ်ပြီး ၀င်ဆွဲသည့် အမျိုးသမီး၏ ၀ဲဘက်ဦးခေါင်းတွင် ပြတ် ရှဒဏ် ရာတစ်ချက်၊ယာလက်တွင်လည်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်း ကရှင်းပြ သည်။

ဇနီးသည်ကို ဓားဖြင့်ခုတ်ခဲ့သည့်ဝင်းနိုင်အား ဟင်္သာတမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

Credit>>>7 Day Daily
Powered by Blogger.