ပြတင်းပေါက်မှ ခုန်ချ သေကြောင်းကြံသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကို စွန့်စွန့်စားစား ကယ်တင် (ရုပ်သံ)
တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ရှီကျောင်းစီရင်စုနယ်မြေ၊ လိုင်ဘင်မြို့မှာ ဇူလိုင် ၂၆ ရက်နေ့က ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်တဦးဟာ ဟိုတယ်အခန်းပြတင်းပေါက်မှတဆင့် ခုန်ချဖို့ ကြံစည်ခဲ့ချိန်မှာ ကယ်ဆယ်ရေးသမားတဦးက စွန့်စွန့်စားစား ကယ်တင်ခဲ့ရပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ ပြတင်းပေါက်ဧရိယာတ၀ိုက် နေရာတွေကို ရှင်းလင်းပြီး အသက်ကယ်ကူရှင်တွေကို အောက်ခြေမှာ ခင်းကျင်း ပြင်ဆင်ခဲ့ကြရတာပါ။ အမျိုးသမီးဟာ ငိုယိုပြီး ပြတင်းတံခါးပေါက်ကနေ ခုန်ချဖို့ ပြင်ဆင်နေချိန် ကယ်ဆယ်ရေးသမားဟာ သူခုန်ချမယ့် ပြတင်းပေါက်ရဲ့ အပေါ်ထပ်ကနေ ကြိုးနဲ့လွှဲကာ ခုန်ချပြီး ကယ်တင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ကံကောင်းထောက်မစွာပဲ သူဟာ အမျိုးသမီးငယ်ကို မိမိရရဖမ်းယူ ပွေ့ဖက်နိုင်ခဲ့ပြီး အခန်းထဲမှာ စောင့်နေကြတဲ့ တခြားကယ်ဆယ်ရေးသမားတွေရဲ့ အကူအညီနဲ့ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ခုန်ချဖို့ ကြံစည်ရတဲ့ အကြောင်းရင်းကိုတော့ သတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။
DVB
DVB