ဦးနေမျိုးဝေ တရားရှင်လွတ်မြောက်


-----------------

ဆကိသွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုခြင်း ခံထားရသော ဦးနေမျိုးဝေကို ယနေ့( ဇူလိုင် ၁၅ ရက်) မွန်းလွဲ ၁ နာရီခန့်တွင် အပြစ်မရှိဟုဆိုကာ တရားရှင်လွှတ်လိုက်ကြောင်း ကန်ကြီးထောင်မြို့နယ် တရားရုံးထံမှ သိရသည်။

ဦနေမျိုးဝေကို တရားစွဲဆိုမှုတွင် တရားလိုဖြစ်သူက ခိုင်မာသော အထာက်အထား မပြနိုင်ဟုဆိုကာ စွဲချက်မတင်မီတွင် ကန်ကြီးထောင့်တရားရုံးက တရားရှင် လွတ်ခဲ့ခြင်းဖြစ်သည်။

ပုသိမ်အကျဉ်းထောင်မှအထွက်တွင် ဦနေမျိုးဝေက သူအပေါ်တရားစွဲဆိုခဲ့သူကို ပြန်လည်တုံ့ပြန် သွားမည်မဟုတ်ဘဲ မူလနိုင်ငံရေး အလုပ်များကို ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မီဒီယာများသို့ ဖြေကြားခဲ့သည်။

ဦးနေမျိုးဝေကို တရားစွဲဆိုခဲ့သော ဦးဝေယံအောင်က တရားစီရင်ရေးစနစ်အပေါ် သံသယရှိကြောင်း The Voice သို့ ပြောဆိုသည်။

Ref: The Voice
Powered by Blogger.