အမျိုးသမီးငယ်များ နေ့စဉ်ဘဝကို အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှု တရုတ်တွင် ရေပန်းစား


စမတ်ဖုန်းနဲ့ အင်တာနက်သုံးစွဲသူ များပြားလှတဲ့ တရုတ်ပြည်တွင်း အမျိုးသမီးတွေအကြား လူမှုကွန်ယက်တွေကတဆင့် Live Stream ထုတ်လွှင့်မှု အရေအတွက်ဟာ အလွန်များပြားလာကြောင်း သိရပါတယ်။ တရုတ်ပြည်တွင်း တစ်ခုတည်းမှာတင် လူမှုကွန်ယက်အသုံးပြုသူတွေအကြား ရေပန်စားတဲ့ ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုဈေးကွက်ဟာ စုစုပေါင်း ဒေါ်လာ ၁၁ ဘီလျံလောက် တန်ကြေးရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ ဈေးကွက်တန်ကြေးဟာ ရုပ်ရှင်ထုတ်လုပ်ရေးဈေးကွက်ထက်တောင် ပိုမိုများပြားနေတယ်လို့ သြစတြေးလျအေဘီစီ သတင်းဌာနက ဆိုပါတယ်။

တရုတ်ပြည်တွင်း လူမှုကွန်ယက် အသုံးပြုသူတွေအကြား ဆယ်လီဖြစ်နေတဲ့ အမျိုးသမီးငယ် အချို့ဟာ သူတို့ရဲ့ နေ့စဉ် လှုပ်ရှားမှုတွေကို တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်ပေးတာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းကတဆင့် တရုတ်အမျိုးသမီးငယ်တွေဟာ ဝင်ငွေဖြောင့်လျှက်ရှိပါတယ်။ သူမတို့ရဲ့ အွန်လိုင်းပရိသတ်တွေက ဘာအကြောင်း ဗီဒီယိုရိုက်ပြနေတယ်ဆိုတာကို စိတ်ဝင်စားတာမဟုတ်ပဲ ခပ်ချောချောကောင်မလေးတွေကိုသာ စိတ်ဝင်စားကြတာ ဖြစ်တယ်လို့ တရုတ်လူမှုကွန်ယက်မှာ ဆယ်လီတစ်ဦးဖြစ်နေတဲ့ ထရေစီရှန်းက ပြောပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပရိသတ်တွေက လက်ဆောင်တွေ ပို့ပေးလေ့ရှိပြီး အချို့ဆိုရင် ဒီပစ္စည်းတွေ ပြန်ရောင်းရာက တဆင့် တစ်လ ဒေါ်လာ ၂၀၀၀ လောက်ဝင်ငွေ ရတယ်လို့ ဆိုပါတယ်။

 Source : ABC Duwun

Powered by Blogger.