အာဇာနည်နေ့အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရမှ ဦးဆောင်၍ မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်တွင် ကျင်းပမည်
မုံရွာ၊ ဇူလိုင် ၁၆။
ဟိန်းလင်းသန့်
မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းပေးခဲ့သော
ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင် (၉)ဦး ကျဆုံးခဲ့သည့်
နေ့အား လွမ်းဆွတ်တမ်းတသောအားဖြင့် ဇူလိုင် ၁၉ ရက်နေ့၌ မုံရွာမြို့လယ် ဗိုလ်ချုပ်ကြေးရုပ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍
ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
"အာဇာနည်နေ့ကျင်းပဖို့ ပါတီတွေရော၊အရပ်ဘက်အဖွဲ့ တွေရော ဖိတ်ခေါ်ထားပါတယ်။အတူတကွ ပေါင်းလုပ်ဖို့ပါ"ဟုစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင်၂၀၁၃ခုနှစ်က ကျောင်းသားသမဂ္ဂမှ လွမ်းသူပန်းခွေချရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့မှ တားဆီးမှုများရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ယမန်နှစ် ဇူလိုင် ၁၉က မုံရွာမြို့ရှိ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်တကသများ ကွန်ရက်၊ မုံရွာခရိုင်ဗကသများအဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊NLD
လူငယ်အဖွဲ့၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊လူ့ဘောင်သစ်ပါတီ၊ We are citizen အဖွဲ့၊ လက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီတို့မှ သက်ဆိုင်ရာ အလံများတ၀က်လွှင့်ထူ၍ ချီတက် အလေးပြုခဲ့ကြသည်။
CentralNewsMyanmar
ဓာတ်ပုံ-ဟိန်းလင်းသန့်
ယမန်နှစ်က ကျင်းပခဲ့သည့် အာဇာနည်နေ့ အ
ခမ်းအနားအား တွေ့ရစဉ်။