အပြစ်မဲ့ အရပ်သားများ သတ်ဖြတ်ခံရမှုအတွက် လားရှိုးတွင် ဆန္ဒပြ


***************************************
မကြာသေးခင်က လားရှိုး မိုင်းယော်နယ်တွင် ဖြစ်ပွားခဲ့သည့် အရပ်သား (၇) ဦးအသတ်ခံရမှုအပါဝင် မကြာခဏဖြစ်ပွားနေသည့် အရပ်သားများကို ဦးတည်သည့် လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် ဇူလိုင်လ ၁၆ ရက်နေ့က ဒေသခံ ထောင်နှင့်ချီ ဆန္ဒပြရခြင်းဖြစ်သည်ဟု သိရသည်။ ဆန္ဒပြမှုတွင် ရှမ်း ၊ တအာင်း ၊ ကချင် အစရှိသည့် တိုင်းရင်းသားများ ပူးပေါင်းပါဝင်ခဲ့ကြောင်းလည်း သိရသည်။
မိုင်းယော်တွင် ဖြစ်ပွားခဲ့သော အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်ပြီး ဒေသခံများက တပ်မတော်အပေါ် စွပ်စွဲမှုများရှိနေကာ တပ်မတော်ပိုင်မြ၀တီသတင်းကလည်း တအာင်းပလောင်အဖွဲ့ဝင်များဖြစ်သည် သတင်းထုတ်တအာင်းပလောင် Tnla ကလည်း ၄င်းတို့တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်းငြင်းဆန်ထားသည်။

The Ladies
ဓါတ်ပုံ- စိုင်းလျှံ
Powered by Blogger.