ထိုင်း ငါးလုပ်ငန်းစက်ရုံတွင် ခြေထောက်ကျိုးပြီး လက်ပြတ်ခဲ့သည့် မြန်မာအလုပ်သမားလျော်ကြေးငွေ ဘတ်ခြောက်သိန်းခွဲရရှိ
****************************************
ထိုင်းနိုင်ငံရှိ ငါးလုပ်ငန်းစက်ရုံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းခွင်အတွင်း ခြေထောက်ကျိုး၊ လက်ပြတ်ခဲ့ရသည့် မြန်မာအလုပ်သမားတဦးသည် လျော်ကြေးငွေအဖြစ် ဘတ်ခြောက်သိန်းခွဲ (မြန်မာငွေ သိန်း ၂၀၀ ကျော်) ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားမှာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ (၃) ရပ်ကွက်တွင် နေထိုင်သူ မပြုံးဝင်းဖြစ်ပြီး သူမသည် ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခဲ့ရာ မတော်တဆမှု ဖြစ်ခဲ့ပြီး ခန္ဓာကိုယ်နေရာအနှံ့တွင် ဒဏ်ရာများရရှိခဲ့ကာ ညာဘက်လက် လက်ကောက်ဝတ်မှပြတ်၍ ညာဘက်ပေါင်သုံး ပိုင်းကျိုးခဲ့ခြင်း ဖြစ်သည်။
''ထိုင်းသူဌေးက ပထမတော့ လျော်ကြေးနည်းနည်းပဲပေးတယ်။ ထိုင်းနိုင်ငံက မြန်မာသံရုံးအရာရှိရယ်၊ မြန်မာ ဘက်က ပို့ပေးတဲ့ကုမ္ပဏီရယ် ညှိနှိုင်းပေးတော့မှ ဒီလ ၁၅ ရက်မှာ လျော်ကြေး ဘတ်ခြောက်သိန်းခွဲရတာ။ လျော်ကြေးရတဲ့ ဖြစ်စဉ်တွေမှာတော့ အများဆုံးလို့ ပြောလို့ရတယ်''ဟု မပြုံးဝင်ကNews Watch သို့ ပြောသည်။
မပြုံးဝင်းကို တရားဝင်စေလွှတ်ခဲ့သည့် May Wint ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုကုမ္ပဏီကလည်း ကရုဏာ ကြေး ငါးသိန်းနှင့် မပြုံးဝင်း၏ မောင်နှမ နှစ်ယောက်အား မလေးရှားသို့ အခမဲ့ပို့ပေး၍ရရှိသည့် လစာထဲမှ တ၀က်ကို မပြုံးဝင်းအား ပေးနေကြောင်းနှင့် မြောင်းမြမြို့ကို အခြေစိုက်၍ အလုပ်သမားရှာဖွေသည့် ရုံးခွဲ တခုဖွင့်လှစ်ပေးကာ ကူညီလျက်ရှိကြောင်း May Wint ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန် နေဂျင်းဒါရိုက်တာ ဦးနေ၀င်းက ပြောကြားသည်။
နောင်လေး
News Watch
Photo-မပြံးဝင်အား ခင်ပွန်းနှင့်အတူတွေ့ရစဉ် (Credit-Naung Lay)