ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာတွင် တရားမ၀င်သစ်များ သယ်ဆောင်သည့် မော်တော်ယာဉ်(၁၀)စီး ဖမ်းဆီးမှု


***************************************
၂၀-၇-၂၀၁၆ ရက်နေ့ ၁၄:၃၀ အချိန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအတွင်း လိုင်စင်မဲ့တော်ယာဉ်များ ဖမ်းဆီးရန် အတွက် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှဦးမှ အနီးကပ် ကြီးကြပ်ကွက်ကဲလျက် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးမှ ရဲအုပ် ယဉ်မင်းသိုက် ဦးစီး (၃ ၃)ဦး၊ ပဲခူးတိုင်းဒေသကြီးရဲအကူတပ်ဖွဲ့ခွဲမှ ရဲအုပ် ဇော်ထွန်း ဦးစီး (၃ ၄၀)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သောင်းမင်းထွန်း ဦးစီး (၃ ၉)ဦး၊ ဖဒိုနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် စန်းဝင်းသန်း ဦးစီး (၁ ၂)ဦး၊ သက်သေ ဦးမြင့်မောင်၊ ဦးစန်းမောင်၊ ဦးဝင်းထိုက်ဦး၊ ဦးကိုကိုနိုင် တို့နှင့်အဖွဲ့ (၇)ဖွဲ့ခွဲ၍ မြို့ချောင်းကျေးရွာအတွင်း ဝိုင်းပတ် ပိတ်ဆို့ရှာဖွေခဲ့ရာ ပိုင်ရှင်မဲ့ မော်တော်ယာဉ် ၁၀ စီးအား သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိသည့် မော်တော်ယာဉ် ၁၀ စီးအား ဖဒိုနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ၎င်းမော်တော်ယာဉ် ၁၀ စီးနှင့်ပတ်သက်၍ တရားဝင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပဲခူးတိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည် ။

Bago Regional Police Force
Powered by Blogger.